NLD ပါတီက ဗဟို လူမှု အထောက်အကူပြု အဖွဲ့ ပြန်လည် ဖွဲ့စည်း

Tuesday, April 30, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဧပြီလ ၈ ရက်နေ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဗဟို လူမှု အထောက်အကူပြု ကော်မတီကို ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။ 



အဆိုပါကော်မတီမှာ ဥက္ကဌအဖြစ် ဦးတင်ဦးက တာဝန်ယူပြီး ဦးအောင်ထိုက်က ဒုဥက္ကဌ အဖြစ်လည်း
ကောင်း၊ ဦးစောလှိုင်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဒေါ်ခင်သန်းလှက ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ယူပြီး အဖွဲ့ဝင် ၉ ဦးတို့ဖြင့် ဖွဲ့စည်း လိုက်ခြင်းဖြစ်ပါတယ်။

အဖွဲ့ဝင်များမှာ ဦးလှမင်း၊ ဒေါက်တာမျိုးညွန့်၊ ဒေါ်ကြည်ကြည်ဝင်း( ကြည့်မြင်တိုင်)၊ ဒေါ်ကြည်ကြည်ဝင်း ( စမ်းချောင်း)၊ ဦးကျို့လှိုင်၊ ဦးခင်မောင်ဝင်း ( ပုဇွန်တောင်)၊ ဒေါ်လဲ့လဲ့၊ ဦးလှသိန်းတို့ဖြစ်ကြောင်း သိရပါတယ်။ 

NLD ပါတီရဲ့ ဗဟို လူမှု အထောက်အကူပြု အဖွဲ့ဟာ တချိန်က ပါတီဝင်များ အကျဉ်းကျနေစဉ် ၄င်းတို့နဲ့ ၄င်းတို့ရဲ့ မိသားစုဝင်တွေကို ပါတီရံပုံငွေထဲက ပညာရေး၊ ကျန်းမာရေး စတဲ့ အကူအညီတွေ ပေးနေခဲ့တာ လည်း ဖြစ်ပါတယ်။ 

 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved