တောင်ကြီးမှာ အောင်မြင်တဲ့ Rock On The Hill

Tuesday, April 9, 2013

တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသားကွင်းမှာ Rock On The Hill လို့ အမည်ပေးထားတဲ့ တေးဂီတပွဲအား Big Bag ၊ Wanted၊ Idiots၊ Reason၊ အဖွဲ့သားများဖြစ်ကြသည့် ကျားပေါက်(ခ) ဟန်ထူးလွင်၊ ဖော်ကာ၊ 
ရေမွန်၊ အောင်လ တို့ပါဝင်သီဆိုတဲ့ ဖျော်ဖြေပွဲကို ဧပြီ ၆ ရက်နေ့ညက လုပ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း ( တောင်ကြီး) ~

 ပထမ ညနေ ၅ နာရီက ၉ နာရီခွဲအထိသတ်မှတ်ခဲ့ပေမယ့် ၁၀ နာရီခွဲထိ အောင်မြင်စွာပဲ ကျင်းပနိုင်ခဲ့ ပါတယ်။ 

ဂီတ ဖျော်ဖြေပွဲမှာ လူငယ် ဆယ်ကျော်သက်တွေအများစု အားပေးခဲ့ကြပြီး လက်မှတ်ဈေးနှုန်းကတော့ မသေးလှပါဘူး။ 

လက်မှတ် တစောင်ကို ၇ ထောင်ကျပ် သတ်မှတ်ထားခဲ့ပေမယ့် မှောင်ခိုဈေးကွက်မှာတော့ အဆများ စွာ ပေးဝယ်ခဲ့ကြရတယ်လို့ လူငယ်တွေက ပြောပေမယ့် သူတို့ အနေနဲ့ ကြည့်ရတဲ့ ပွဲက တန်တယ်လို့ ဆိုကြပါတယ်။ 

Reason အဖွဲ့က တေးသံရှင် အောင်လ သီဆိုနေစဉ်မှာ ပရိသတ်ကို သူ့ဦးထုပ် ချွတ်ပေးခဲ့ပြီး ပရိသတ်က လည်း အောင်လရဲ့ အပေါ်အိင်္ကျီကိုတောင်းဆိုခဲ့လို့ အပေါ် ဗလာကျင်းသည်အထိ ချွတ်ပေးခဲ့ပြီး ပရိသတ်တွေ ကျေနပ်စေခဲ့ပါတယ်။ 

ပရိသတ်ကလည်း တေးသံရှင် အောင်လကို Levis ရှပ်အင်္ကျီတထည်ပြန်လည်လက်ဆောင်ပေးခဲ့ပါသေး တယ်။ 

တောင်ကြီးမြို့က Rock On the Hill ကတော့ အောင်မြင်တဲ့ ဖျော်ဖြေပွဲ လို့ ပြောလို့ရပါတယ်။ 























ခမ်းမြတ်(တောင်ကြီး) ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved