အမေရိကန်တွေဟာ တွစ်တာ (Twitter) ကို အပြေးအလွှား အသုံးပြုနေကြတယ်လို့ လော့စ်အိန်ဂျလိစ်တိုင်းမ် အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တနေရာ (ဓာတ်ပုံ - AP)
အန္တရာယ်ကြီးကြီးတခုနဲ့ ကြုံရပြီဆိုတော့ သတင်းကွန်ရက်ကြီးဖြစ်တဲ့တွစ်တာက အဲဒီလောက်အထိ အသုံးဝင်နေပါပြီ။
ကြုံလို့ ပြောရရင် ဒီဘလော့ရဲ့ တွစ်တာ လိပ်စာက https://twitter.com/IrrawaddyBlog ဖြစ်ပါတယ်။
တခြားသတင်းတပုဒ်မှာတော့ ဒေသခံ ရဲတပ်ဖွဲ့က မနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကာလဝန်းကျင် ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေကို အလိုရှိကြောင်း တွစ်တာကနေ ကြေညာထားတယ်လို့ ရေးပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာ ဘော်စတွန်ရဲဌာနက တွစ်လိုက်တာ ဖြစ်ပါတယ် တဲ့။
ရဲတွေလည်း တွစ်တာကို ကောင်းကောင်း အသုံးချနေပါပြီ။
ပေါက်ကွဲမှုကာလဝန်းကျင်ပုံရိပ်တွေ အွန်လိုင်းကို ချက်ချင်းရောက်လာပါတယ်။ တချို့ပုံတွေက စုံစမ်းစစ်ဆေးရာမှာ အထောက်အကူဖြစ်ဖွယ်ရှိပါတယ်။
အွန်လိုင်းကို ရောက်မလာသေးတဲ့ ရုပ်သံရိုက်ချက်၊ ဓာတ်ပုံရိုက်ချက်တွေကလည်း စုံစမ်းစစ်ဆေးရေးအတွက် အသုံးဝင်မှာပါ။
လောလောဆယ်မှာတော့ အခင်းဖြစ် ဗုံးကွဲပြီးချိန် ရိုက်ကူးထားတဲ့ ပုံတခုနဲ့ ပတ်သက်ပြီး အမေရိကန်တွေ အသုံးများတဲ့ တွစ်တာစာမျက်နှာမှာ ငြင်းခုန်နေကြပါတယ်။
အဲဒီပုံကတော့ ဗုံးကွဲတဲ့လမ်းကို ရိုက်ထားတာပါ။ ကွဲတဲ့နေရာနားက တိုက်တလုံးရဲ့ခေါင်မိုးပေါ်မှာ ရောက်နေတဲ့လူတယောက်ရဲ့ပုံ ဖြစ်ပါတယ်။
ဒီလူက ဗုံးခွဲသူ(တွေ)နဲ့ ဆက်စပ်မှု ရှိမရှိ၊ ရပ်ကွက်ထဲက သူလိုကိုယ်လိုလူဟုတ်မဟုတ် စသဖြင့် အငြင်းပွားနေကြတာပါ။
ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရသူ တရာကျော် ရှိခဲ့ပါတယ်။
ပေါက်ကွဲမှုတွေဟာ မာရသွန်ပွဲ ပန်းဝင်မယ့် နေရာမှာ ဖြစ်ခဲ့တာပါ။
လူ နှစ်သောင်းကျော် ပါဝင်တဲ့ မာရသွန်ပွဲကိုလည်း ချက်ချင်း ရပ်လိုက်ရပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment