ထားဝယ်တက္ကသိုလ်ရောက် ချဉ်ပေါင်ကျား

Wednesday, May 1, 2013



ထားဝယ်တက္ကသိုလ်ရှိ ရေတွင်းတစ်တွင်းထဲသို့ ကျနေသော
ကြောင်သာသာအရွယ် ထားဝယ်ဒေသအခေါ် “ချဉ်ပေါင်ကျား” (ခေါ်) “အင်းကျား” တစ်ကောင်ကို
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နယ်မြေ၀န်ထမ်းတစ်ဦးက တွေ့ရှိပြီး အိမ်တွင် မွေးမြူစောင့်ရှောက်ထားသည်။

“ဒီနားပတ်ဝန်းကျင်မှာကတော့ ဒီကျားအငယ်လေးတွေကို မကြာမကြာတွေ့ရတတ်ပါတယ်။
တစ်ခါတစ်လေ မွေးထားတဲ့ ကြက်တွေကို လာလာဆွဲတတ်တာကလွဲလို့ လူကိုတော့ အန္တရာယ်မပြုပါဘူး၊
ဆရာ၊ ဆရာမတစ်ချို့ဆို ညည လမ်းလျှောက်ရင်း ဒီအကောင်လေးတွေ ဖြတ်ပြေးတာမျိုး မြင်နေကျပါ၊ 
ခုလည်း အစာလာရှာရင်း ရေတွင်းထဲပြုတ်ကျပုံရပါတယ်” ဟု အင်းကျားကို ရရှိထားသူ နယ်မြေ၀န်ထမ်း ကိုမျိုးဝင်းကပြောသည်။

တောမိုးတောင်ခြေနှင့် နီးကပ်စွာတည်ရှိသည့် ထားဝယ်တက္ကသိုလ်သည်ထားဝယ်မြို့မှအနောက်ဘက် (၄) မိုင်ခန့်အကွာ ထားဝယ်မြစ်အနောက်ဘက်ရှိ လောင်းလုံးမြို့နယ်၊ ကမျောကင်းရွာတွင်တည်ရှိပြီး (၃၇၀.၇)ဧကခန့် အကျယ်အ၀န်းရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)  www.facebook.com/phoe.zaw.507


 7Day သတင်းဂျာနယ် ဆောင်းပါးတပုဒ်မှာတော့ မြန်မာပြည်မှာ တရားမ၀င်ရောင်းဝယ်ဖောက်ကားဖို့  အများဆုံးဖမ်းဆီးကြတဲ့ တောရိုင်းတိရစ္ဆာန်များထဲမှာ အင်းကျားလည်း ပါဝင်တယ်၊  တောရိုင်းတိရစ္ဆာန်တွေရဲ့ ဈေးကွက်က တရုတ်၊  ထိုင်း နိုင်ငံတွေ ဖြစ်တယ်လို့ ရေးထားပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved