မြန်မာနိုင်ငံကို ဂျပန်က အကြွေးတွေ လျှော်ပစ်လိုက်ပြီ

Monday, May 27, 2013


ဂျပန်နိုင်ငံက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာ့ကြွေးမြီ အမေရိကန် 
ဒေါ်လာ ၂ ဘီလျံ နီးပါးကို လျှော်ပစ်လိုက်ပြီး အကူအညီပေးရေးတွေကိုလည်း အရှိန်မြှင့်မယ်လို့လည်း ကတိပေးလိုက်ပါတယ်။ 


ဂျပန်နိုင်ငံရဲ့ တချို့အကူအညီတွေဟာ ရန်ကုန်နားက ဂျပန်နဲ့ပူးပေါင်းလုပ်ဆောင်မယ့် သီလ၀ါ အထူး စီးပွားရေးဇုံ ဖွံ့ဖြိုးရေး အတွက်လည်း ပါဝင်တယ်လို့ ရိုက်တာသတင်းတပုဒ်က ဆိုပါတယ်။ 

မြန်မာ့ဖွံ့ဖြိုးရေးအတွက်လည်း ဂျပန်နိုင်ငံက ယန်း သန်းပေါင်း ၉၁၀၀၀ ကို ကူညီပေးသွားမှာဖြစ်တယ်လို့
လည်း ဂျပန် ၀န်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ 

ဂျပန်က လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက မြန်မာအစိုးရက ပေးဖို့ရှိတဲ့ ကြွေးမြီ ဂျပန် ယန်း ၁၇၆.၁ ဘီလျံယန်း 
( အမေရိကန် ဒေါ်လာ ၁.၇၄ ဘီလျံ) ကိုလည်း လျှော်ပစ်ခဲ့ပါတယ်။

ဂျပန်ဘက်က ပြောရာမှာတော့ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အပါ အ၀င် မြန်မာ ဟာ လိုအပ်မှုတွေ အခုထိတော့ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ၀န်ကြီးချုပ် အာဘေးရဲ့ မြန်မာခရီးစဉ်နောက်ဆုံးနေမှာ ပြောတာ ကတော့ ဂျပန်အနေနဲ့ အတိုးတွေကို လျှော်ပစ်ဖို့ ဂျပန် အစိုးရက ဆုံးဖြတ်ခဲ့တာဟာ မြန်မာ့ပြုပြင်ပြောင်းလဲ မှု ကြိုးစားအားထုတ်မှုတွေလုပ်လာ ကတည်းက ၂ နိုင်ငံအစိုးရတွေက ဒီလို လုပ်ဖို့ ဆွေးနွေးပြင်ဆင်မှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ 

နောက်ထပ် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ကြွေးမြီသစ် ဂျပန်ယန်းငွေ ၅၁ ဘီလျံ( အမေရိကန် ဒေါ်လာ သန်း ၅၀၀ နီးပါး) ကို ထုတ်ချေးပေးမယ်လို့လည်း ၀န်ကြီးချုပ် အာဘေးက ပြောခဲ့ပါတယ်။

ဒီငွေကြေး ပမာဏအတိုင်းဆိုရင် နိုင်ငံတ၀ှမ်း လမ်း၊ တံတား၊ လျှပ်စစ်၊ ရေပေးဝေရေးနဲ့ လျှပ်စစ် ဓာတ်အား
ပေး စက်ရုံတွေ ထိန်းသိန်းတာ စတဲ့ အခြေခံ အဆောက်အအုံပိုင် ဖွံ့ဖြိုးရေးလုပ်ဖို့အတွက် ကာ မိမှာ 
ဖြစ်ပါတယ်။
ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုဘာဘေးနဲ့ သမ္မတ ဦးသိန်းစိန်တို့ တနင်္ဂနွေနေ့က နေပြည်တော် မှာ တွေ့ဆုံ ခဲ့တာဟာ နှစ် ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ဂျပန် ခေါင်းဆောင်ရဲ့ တရားဝင် မြန်မာနိုင်ငံခရီးစဉ် လည်းဖြစ်ပါတယ်။
မစ္စတာ အာဘေးဟာ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သူ့ခရီးစဉ်အတွင်း မှာ တွေ့ဆုံခဲ့ပါတယ်။

အာဘေးရဲ့ မြန်မာခရီးစဉ်ဟာ ဂျပန်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းမွန်လာတာကို ပြသ လိုက် တာဖြစ်ပါတယ်။ 

တကယ်ဆိုရင် ဂျပန်နိုင်ငံက အနောက်နိုင်ငံတွေနဲ့ မတူပါဘူး။ အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံ က စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်လာတာပါ။ 

ဂျပန်ကတော့ တလျှောက်လုံး မြန်မာ ပြည်ကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ဆက်တိုက်ပေးနေခဲ့တာလည်းဖြစ်ပါတယ်။

အခုလို ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုဘာဘေးရဲ့ မြန်မာခရီးစဉ်ဟာ ၂ နှစ်သက်တမ်းရှိတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ် သား အစိုးရကို အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    thanks for everything..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved