ဒီနှစ်အတွက် အာဆီယံ နိုင်ငံတွေရဲ့ ကြည်းတပ်မတော်များ သေနတ်ပစ် ပြိုင်ပွဲဆိုင်ရာ အစည်းအဝေးတွေ၊ လက်မှတ်ထိုးပွဲတွေကို မြန်မာပြည်၊ ပြင်ဦးလွင်မြို့/မေမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျင်းပခဲ့ပါတယ်။ဒီနှစ်အတွက် အိမ်ရှင်နိုင်ငံကတော့ မြန်မာနိုင်ငံပါပဲ။ ပြိုင်ပွဲ ဘယ်တော့လုပ်မယ် ဆိုတာ မသိရသေးပါ။
စစ်တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မှာ လုပ်မယ်လို့ ယူဆရပါတယ်။
ပွဲစဉ်သတင်းတွေ ထပ်ရခဲ့ရင် ဒီဘလော့ http://blog.irrawaddy.org/ မှာ ဆက်လက် ဖော်ပြပေးပါမယ်။
အာဆီယံစစ်ဗိုလ်တို့ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ရဲ့ အင်တာနက် စာမျက်နှာတခုဖြစ်တဲ့ www.aarm2013.com.mm မှာ တွေ့ရတဲ့ ဓာတ်ပုံများထဲက တချို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
အဲဒီစာမျက်နှာကို မြန်မာပြည်တွင်းက Red Link အင်တာနက်လိုင်း အားကိုးသူများ ၀င်လို့ရချင်မှ ရပါလိမ့်မယ်။

(ပြီးခဲ့တဲ့နှစ် ပစ်ကြရာမှာ မြန်မာပြည်က ကြေးတံဆိပ်တခု ရပါတယ် လို့ အွန်လိုင်းတနေရာမှာ တွေ့ရပါတယ်။
လက် သိပ်မတည့်သူတွေကို ပြိုင်ပွဲလွှတ်လိုက်မိလို့လည်း ဖြစ်နိုင်ပါတယ်။)
- ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment