"ကျွန်မရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မနက်ဖြန်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို စတင်ထွက်ခွာပါ မယ်။ ပြင်သစ်နိုင်ငံ၊နတ်မြို့(Nantes) မှာ ကျင်းပမယ့် ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေး ဖိုရမ်က ဖိတ်ကြားလို့ဖြစ်ပါတယ်" လို့ မစုစုနွေးက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ဖိုရမ်ပမှာ မြန်မာနိုင်ငံရဲ့လက်ရှိအပြောင်းအလဲကြားက အလုပ်သမားတွေနဲ့
တောင်သူလယ်သမားတွေရဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေးအခြေအနေတွေကို ရှင်းလင်း တင်ပြခွင့် ရ လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်လို့လည်း သူကဆိုပါတယ်။
၁၀ ရက်တာလောက် ကြာမြင့် နိုင်မယ့် ပြင်သစ်ခရီးစဉ်ကို မနက်ဖြန် မေလ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီ
လောက်မှာတော့ ဗီယက်နမ်လေကြောင်းလိုင်းနဲ့ ဟိုချီမင်းမြို့တော်ကတဆင့်၊ ပါရီ ( ပဲရစ်မြို့) ကို သွား မှာဖြစ်ပါတယ်။
မစုစုနွေးဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုတွေ၊ လယ်သမားအရေး အကာအကွယ်ပေးမှုတွေကြောင့် ယခင်စစ်အစိုးရ လက်ထက်က နိုင်ငံရေးအကျဉ်းသူအဖြစ် ထောင်သွင်း အကျဉ်းချခံခဲ့ရသူလည်း ဖြစ်ပါ တယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment