ထိုင်း ၀န်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယု မြန်မာပြည်ရောက်နေ

Wednesday, May 8, 2013

ထိုင်းဝန်ကြီးချုပ်ဟောင်း H.E. General Chavalit Yongchaiyudh ချာဗလစ် ယောင်ချိုင်ယုနဲ့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယမန်နေ့က တွေ့ဆုံခဲ့ပါတယ်။  

ဓာတ်ပုံ- khmernz.blogspot.com

အဲဒီလို တွေ့ဆုံရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေ ပြည်သူတွေရဲ့ လူမှု စီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာများ ဆွေးနွေးကြတယ်လို့ အစိုးရ သတင်းစာ
တွေမှာ ဖော်ပြထားပါတယ်။

ချာဗလစ် ယောင်ချိုင်ယုဟာ ၁၉၉၆-၁၉၉၇ ခုနှစ်က ၀န်ကြီးချုပ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း လည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိ ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် ၏ ဖုယာ့ထိုင်း ပါတီဝင်လည်း ဖြစ်ပါ တယ်။ 

ချာဗလစ် ယောင်ချိုင်ယု ဟာ ထိုင်းနိုင်ငံမှာ တာဝန်ကြီးကြီးတွေ ယူစဉ်ကာလက ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအပေါ် သဘောထား တင်းမာစွာ ထားခဲ့သူ ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved