ဒါဖတ်ပြီးမှ မုံရွာမှာ စက်ဘီးစီးပါ

Tuesday, May 28, 2013


မုံရွာမြို့ လမ်းအသုံးပြုခတောင်းတဲ့ ဂိတ်တခုမှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တခုပါ။

စက်ဘီးတစီးဖြတ်အသွားမှာ ဂိတ်စောင့်တဦးက အတားအဆီးမောင်းတံကို ရုတ်တရက် လွှတ်လိုက်တဲ့အတွက် စက်ဘီးစီးလာသူရော စက်ဘီးပါ နောက်ပြန်လွှင့်သွားပါတယ်။

တိုက်ဆိုင်စွာပဲ လမ်းပြောင်းပြန်မောင်းတဲ့ ဆိုင်ကယ်တစီးကလည်း ၀င်လာချိန် ဖြစ်နေပါတယ်။


ဆိုင်ကယ်လည်း အတားအဆီးမောင်းတံနဲ့ အဖျားခတ်မိပြီး ဂိတ်ရှေ့မှာ လဲပါတယ်။ ဆိုင်ကယ်ပေါ်က နှစ်ဦး လမ်းပေါ်ကနေ ချင်းချင်း ထလာတာ ရုပ်သံမှာ တွေ့ရပါတယ်။
စက်ဘီးစီးသူကတော့ ဘယ်လိုအခြေအနေ ဖြစ်သွားတယ် ဆိုတာ မသိရပါ။
၃၉ စက္ကန့်ကြာ ရုပ်သံကို http://www.facebook.com/photo.php?v=486423948097261 မှာ ကြည့်ရှုနိုင်ပါတယ်။

ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားချက်အရ ပြီးခဲ့တဲ့ သောကြာနေ့ နေ့ခင်းပိုင်းမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဂိတ်မောင်းတံ ကိုင်တဲ့သူက တမင်တကာ လုပ်တာလား၊ မတော်တဆလား ဆိုတာ မသိရပါ။

အဲဒီဒေသ လမ်းအသုံးပြုခွင့်ပေးရတဲ့ထဲမှာ စက်ဘီး ပါဝင်ခြင်း ရှိမရှိ ဆိုတာလည်း မသိရပါ။

Facebook မှာတော့ ဂိတ်ကြေးမပေးရင်ဒီလိုဆော်မှာနော်သတိထား ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်လိုက်တဲ့ ဒီရုပ်သံကို လက်ဆင့်ကမ်းနေကြတာ တွေ့ရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved