၈၈ ရဲ့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းခရီးစဉ် စတင်

Saturday, May 4, 2013

၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ယနေ့ မေလ ၄ ရက်နေ့ ည ၉ နာရီမှာ ရန်ကုန်က စတင်ထွက်ခွာသွားကြပါပြီ။ 

ဓာတ်ပုံများ- ၈၈ မျိုးဆက်

ရှမ်းပြည်နယ် မြောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ ပွင်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို ယနေ့ က စတင်ပြီး မေလ ၁၂ ရက်နေ့အထိဖြစ်ပါတယ်။ 

အခု ခရီးစဉ်မှာ ဦးမင်းကိုနို်င်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်တို့ ဦးဆောင်ပြီး သွားကြတာဖြစ်ပါတယ်။ 

ဒီအပြင် ကိုဥာဏ်လင်း၊ ကိုဇော်ဇော်မင်း၊ စမ်းချောင်း ကိုကိုကြီးနဲ့ သတင်းမီဒီယာ အချို့နဲ့ အဖွဲ့ဝင် ၃၀ လောက် အခု ခရီးစဉ်မှာ လိုက်ပါသွားကြပါတယ်။ 
  
"မေလ ၅ ရက်တွင် လားရှိုးမြို့၌ လည်းကောင်း၊ မေလ ၆ ရက်တွင် နန့်ကျန်းမြို့ နှင့် လားရှိုးမြို့ တို့၌ လည်းကောင်း၊ မေလ ၇ ရက်တွင် သိန္နီမြို့နှင့် ဟိုပန်မြို့ တို့၌လည်းကောင်း၊ မေလ ၈ ရက်တွင် ကွန်လုံ မြို့နှင့် လောက်ကိုင်မြို့ တို့၌လည်းကောင်း၊ မေလ ၉ ရက်တွင် သီပေါမြို့နှင့်နမ္မတူမြို့ ၌လည်းကောင်း၊  
မေလ ၁၀ ရက်တွင် နန့်ဆန်မြို့၌ လည်းကောင်း၊ မေလ ၁၁ ရက်တွင် ကျောက်မဲမြို့၌ လည်းကောင်း လူထုတွေ့ဆုံပွဲများ၊ ဒေသဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲများ ပြုလုပ်ဆွေးနွေး သွားကြမည် ဖြစ်သည်" လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုပါတယ်။ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved