ငြိမ်းချမ်းရေးမှာ အားလုံး ပူးပေါင်း ပါဝင်သွားစေလို... သမ္မတ ဦးသိန်းစိန်

Monday, May 6, 2013

ငြိမ်းချမ်းရေးဖော်ဆောင် တည်ဆောက်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်တည်
ဆောက်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ၊ မြန်မာ့ တပ်မတော်၊ တိုင်းရင်းသား လူမျိုးစု အားလုံးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်လိုတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံသား အားလုံး ပါဝင်ပြီး ဖော်ဆောင် သွားကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါတယ်။ 


 သမ္မတ ဦးသိန်းစိန်က ယမန်နေ့က နိုင်ငံရေးပါတီ ၁၈ ခုက ပါတီခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ရှိတဲ့ သမ္မတရဲ့ လယ်တောအိမ်မှာ ခေါ်ယူတွေ့ဆုံဖြစ်ကြတုန်းမှာ အခုလို သမ္မတဘက်က ပြောသွားခဲ့တာပါ။ 

နိုင်ငံရေးပါတီတွေဘက်ကလည်း သမ္မတကို တိုက်ရိုက်တင်ပြဆွေးနွေးခွင့် ရကြလို့ ကျေနပ်တဲ့ အားရတဲ့ အကြောင်းတွေ ပြောသွားကြပါတယ်။ 

သမ္မတနဲ့ နိုင်ငံရေးပါတီတွေရဲ့တွေ့ဆုံမှုမှာ မြန်မာ့နိုင်ငံရေးမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှု
တွေအကြောင်းအဓိကထား ဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။ 

ဆွေးနွေးပွဲမှာ သမ္မတ က အစိုးရ သက်တမ်း ၂ နှစ်တာ ကာလအတွင်းမှာ အောင်မြင်တာတွေ ရှိခဲ့တာဟာ 
နိုင်ငံရေးပါတီတွေအပါအ၀င် အားလုံးက ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒီအပြင် မအောင်မြင်တာတွေလည်း ရှိခဲ့တာကို ထည့်သွင်းပြောဆိုပြီး ဆန္ဒပြကြတာနဲ့ပတ်သက်လို့လည်း ထမင်းငတ်လို့ ဒါမှ မဟုတ် မဖြစ်သာတော့လို့သာ သူတို့ ဆန္ဒပြကြတာလို့ နားလည် လက်ခံတာကိုလည်း ထူးခြားစွာ သိရပါတယ်။ 

အလားတူ လက်နက်ကိုင်ဆောင်နေကြတဲ့ အစိုးရ စစ်သားအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်စစ်သား
တွေလည်း သေနတ်ထမ်းပြီး လမ်းမလျှောက်လိုကြပါဘူးတဲ့။ မတတ်သာလို့ ဒီလိုတွေ ဖြစ်နေရတာဖြစ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေကြတာသာ ဖြစ်တယ်လို့လည်း သမ္မတက သဘောထားကို ပြော ပါတယ်တဲ့။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပူးပေါင်းပါဝင်သွားကြဖို့ သမ္မတက တိုက်တွန်းထားပေမယ့် အကျဉ်းထောင်တွေထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေသူတွေက ဆိုနေကြပါတယ်။ 

 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved