နာဂစ်ဘိုးဘွားရိပ်သာ ခေတ်သစ် ဘိက္ခုမာတာ ဦးစီးတည်ဆောက်နေ

Sunday, May 26, 2013

ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့ နယ် ကဒုံကနိကျေးရွာမှာ နာဂစ်ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ဖို့ အတွက် ခေတ်သစ် ဘိက္ခု မာတာ လို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ ပြည်သူ့ ဂုဏ်ရည် ဆုရှင် ဒေါ်ရှုက ဦးစီးပြီး စီစဉ်နေတယ်လို့ သိရပါတယ်။ 

  
နာဂစ်ဘိုးဘွားရိပ်သာအတွက် ကဒုံကနီရွာနေ မြေအလှူရှင် ဦးရှမ်းအောင်မြင့်နဲ့ မိသားစုက မြေ ၆ ဧက လှူဒါန်း ထားပြီး ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတော့ အုတ်မြစ်ချ ပန္နတင် မင်္ဂလာ အခမ်းအနားကျင်းပခဲ့ပါ တယ်။

 ဦးစီးလုပ်ဆောင်နေသည့် ဒေါ်ရှု ( အလယ်မှ ထိုင်နေသူ) နှင့် စေတနာရှင် သံဃာတော်များနှင့် လူပုဂ္ဂိုလ် တချို့

နာဂစ် ဘိုးဘွားရိပ်သာဖြစ်မြောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကူညီရေးနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်
နေ တဲ့ အောင်သပြေကျောင်းဆရာတော် ဦးဇောတိက က အလှူငွေ ၁၃ သိန်းကျပ်၊ ဘန်ကောက်၊ မဟာချိုင် မှ ရွှေတွံတေး ဆရာတော်က အလှူငွေ ၁၀ သိန်းကျပ်၊ မဲဆောက်မှ ဦးစန္ဒောဘာသာက အလှူငွေ ၅ သိန်း ကျပ်၊ ကျေးရွာမှ စေတနာ ရှင်တွေ စုပေါင်းလှူဒါန်းငွေ ၃ သိန်းကျော်၊ စုစုပေါင်း ကျပ်သိန်း ၃၀ ကျော်နဲ့ မတည်ပြီး စတင်တည်ဆောက်နေတာဖြစ်ပါတယ်။ 


နာဂစ်ဘိုးဘွားရိပ်သာတည်ဆောက်ရေးနဲ့ပတ်သက်ပြီး စေတနာရှင်တွေအနေနဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင်
ဒေါ်ရှုနဲ့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved