မဟာစင် မုန်တိုင်းနှင့် ယနေ့ အခြေအနေ

Thursday, May 16, 2013

ရခိုင်ကမ်းရိုးတန်း တလျှောက်သို့ ယနေ့ညနေတွင် ၀င်ရောက်မည့် မဟာစင်မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်နေကြသော ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်၊ ကျေးရွာများ၏ အခြေအနေများနှင့်ယနေ့ ရာသီဥတု အခြေအနေများကို စုစည်းဖော်ပြ ထားပါသည်။

   စစ်တွေမြို့တွင် မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင်နေမှု မြင်ကွင်း၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ



မြေပုံ

မြေပုံမြို့နယ်၌ ယနေ့နံနက် ပိုင်းမှစ၍ မိုးများ စတင်ရွာနေပြီ ဖြစ်ကြောင်း၊ လေတိုက်နုန်းမှာ တနာရီလျှင် မိုင် ၄၀ နှင့် ၅၀ အ ကြား တိုက်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ပင်လယ်နှင့်နီးစပ်သည့် ကျေးလက် ဒေသများမှ ပြည်သူများ သည် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ မိမိတို့ အစီအစဉ်ဖြင့် လည်းကောင်း၊ အစိုးရ အာဏာပိုင်အဖွဲ့ အစည်းများ၏ အစီအစဉ်ဖြင့် လည်းကောင်း ပြောင်းရွှေ့နေကြကြောင်း ဒေသခံများက ပြောသည်။

မြို့နှင့်အလှမ်းဝေးသော ကျေးရွာများမှ ပြည်သူများသည် တောင်တန်းများ၊ကုန်းမြင့်ပိုင်းများရှိရာ ကျေးရွာ များ သို့လည်း ကောင်း ပြောင်းရွှေ့ပြီး ဖြစ်သည်။ မြေပုံမြို့နယ်သည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ တွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသ တခုလည်းဖြစ်၍ မိမိတို့ အစီအစဉ်ဖြင့် ဘေးကင်းမည့် နေရာ ဒေသများ သို့ ကြို တင်ပြောင်းရွှေ့မှု လုပ်ဆောင်ထားကြကြောင်း သိရသည်။

ရသေ့တောင်

ရသေ့တောင်မြို့နယ်၌ ယနေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ မိုးကြီး၍ လေပြင်းများတိုက်ခတ်နေကြောင်း၊ တနာရီလျှင် မိုင် ၆၀ မှ ၇၀ ၀န်းကျင်ရှိကြောင်း၊ သို့သော် ပျက်စီးဆုံးရှုံးမှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။ မယူမြစ်နှင့် နီးစပ် သည့် ပင်လယ်ကမ်းခြေရှိ ကျေးရွာတချို့မှ ပြည်သူများသည် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြသော်လည်း တချို့မှာ ပြောင်း ရွှေ့မှု မရှိသးကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်နှင့်မောင်တော မြို့နယ်အကြားရှိ အလယ်သံကျော် ကမ်းခြေ၌ ရခိုင်တိုင်းရင်းသား ကျေးရွာ များနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်သည့် ကျေးရွာအများအပြားရှိသည်။ အကယ်၍ မဟာစင် မုန်တိုင်း ၀င်လာမည်ဆိုပါက ထိုကျေးရွာ များအတွက် စိုးရိမ်ရသည့် အနေအထားရှိကြောင်း ဒေသခံများက ပြောသည်။

မောင်တော

မောင်တော ဒေသ၌ ယနေ့နံက်ပိုင်းတွင် မိုးရွာပြီး လေပြင်း တချို့တိုက်ခတ်ကြောင်း၊ သို့သော် နေ့လည် ၁၁ နာရီ ၀န်းကျင် တွင်ရပ်တန့်သွားကြောင်း၊ လေတိုက်နုန်းသည် တနာရီလျှင် မိုင် ၄၀ ၀န်းကျင်သာရှိကြောင်း၊ စိုးရိမ်ရသည့် အခြေအနေ မရှိ သေး ကြောင်း မောင်တော ဒေသခံများက ပြောသည်။

မောင်တောဒေသသည် မဟာစင်မုန်တိုင်း ၀င်ရောက်မည့် ရခိုင်ကမ်းရိုးတန်းဒေသမှ အဓိကနေရာ အဖြစ် မိုးလေ၀သ နှင့်ဇ လဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသကဲ့သို့ အစိုးရကလည်း အရေးပေါ် ကြေညာထားသည့် ဒေသတခု ဖြစ် သည်။ မုန်တိုင်း ၀င်ရောက်စဉ် ပင်လယ်ပြင်၏ ဒီရေသည် ၆ ပေမှ ၈ ပေ အထိ တက်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ  ဌာနက ခန့်မှန်းထားသည်။

ပင်လယ် ကမ်းခြေနှင့်နီးစပ်သည့် ကျေးရွာများမှ ရခိုင်နှင့်ဗမာတိုင်းရင်းသားများ၊ ရခိုင်မျိုးနွယ်စုများ အား မြို့ပေါ်ရှိ ဘုန်း ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် လည်းကောင်း၊ ဘင်္ဂါလီများကို ဗလီ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ အစိုးရ အဆောက်အအုံများ တွင်လည်းကောင်း နေရာချထားပေသည်။

ကျောက်ဖြူ

ကျောက်ဖြူမြို့၌ ယနေ့ နံက်နက်ပိုင်းတွင် မိုးအနည်းငယ် ရွာသွန်းပြီး၊ လေတိုက်နုန်း တနာရီ မိုင် ၃၀ ၀န်းကျင်သာရှိကြောင်း၊ နံနက် ၁၀ နာရီခန့်တွင် မိုးတိတ်၍ နေသာနေကြောင်း ကျောက်ဖြူဒေသခံများ က ပြောသည်။ ကျောက်ဖြူမြို့နယ် အတွင်းရှိပင်လယ်နှင့်နီးစပ်သည့် ကျေးရွာ တချို့မှ ဒေသခံ များ၊ ဒုက္ခ သည် စခန်းများမှ ဒုက္ခသည်များကို မြို့ပေါ်ရှိ  ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ အစိုးရ အဆောက်အအုံများ တွင် နေရာချပေးထားသည်။ ကျောက်ဖြူဒေသသို့ မုန်တိုင်း ၀င်ရောက်ပါက ပင်လယ်ဒီရေ ၄ ပေ အထိ တက်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ဌာနက ထုတ်ပြန်ထားသည်။

စစ်တွေ

စစ်တွေမြို့၌ ယနေ့နံက်ပိုင်းတွင် မိုးအနည်းရွာပြီး လေတိုက်ခတ်ခြင်း မရှိကြောင်း၊ နေ့လည်ပိုင်းတွင် မိုးတိတ်သွား ကာ နေ သာနေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး အဖွဲ့တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။ ဗဟို အစိုးရ အာဏာပိုင် များနှင့်အတူ ၎င်းတို့ပြည်နယ် အစိုးရအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့များက လည်း မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ အဆင်သင့် လုပ်ဆောင် ထားကြောင်း ၎င်းက ဆိုသည်။

အစိုးရ အာဏာပိုင်များ အနေဖြင့် စစ်တွေမြို့နယ်အပါအ၀င် ရခိုင်ပြည်တ၀န်းက မုန်တိုင်းကျရောက်နိုင် မည့် မြို့နယ် ကျေးရွာ များ၌ ကြိုတင်ပြင်ဆင်မှုများ၊ ကယ်ဆည်ရေး အစီအမံများ စီစဉ်ဆောင်ရွက် ထားကြောင်း ရခိုင်အစိုးရ အဖွဲ့က ဆိုသည်။ မိမိ တို့ နေထိုင်ရာမှ မပြောင်းရွှေ့လိုသည့် ဘင်္ဂါလီ လူမျိုးများကိုလည်း ယခုအခါ ဘေးကင်းရာသို့ ပြောင်းရွှေ့ထားပြီးဖြစ် ကြောင်းလည်း ဦးဝင်းမြိုင် က ဆိုသည်။

ပေါက်တော

ပေါက်တော မြို့နယ်၌ ယနေ့ နံက်ပိုင်းတွင် မိုးရွာခြင်း၊ တနာရီလျှင် မိုင် ၃၀ ၀န်းကျင်လေတိုက် ခတ်ရုံမှအပ ထူးခြားမှု မရှိ သေး ကြောင်း၊ မုန်တိုင်း ကြိုတင်ပြင်ဆင်မှု တချို့ကို မိမိတို့ အစီစဉ်ဖြင့် လုပ်ဆောင်ထားကြကြောင်း၊ ပင်လယ် ကမ်းခြေနှင့် နီး စပ်သည့် ကျေးရွာများမှ ပြည်သူ ၄၀၀၀ ၀န်းကျင်သည် မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဓမ္မာရုံများ၊ စာသင်ကျောင်း များတွင် ခုံ လှုံနေကြကြောင်း ပေါက်တော မြို့ခံများ က ပြောသည်။

ထိုသူများ၏ စာရေး သောက်ရေး ကိစ္စများကို ဘုန်းတော်ကြီးကျောင်းများနှင့်မြို့မိ မြိုဘများ၊ ပရဟိတ အဖွဲ့များ၊ ဒေသခံ လူ ငယ်များက တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။ ထို့အတူ ပေါက်တော မြို့နယ်အတွင်းရှိ ဘင်္ဂါလီ ဒုက္ခ သည်စခန်းမှ ဒုက္ခသည်များနှင့်ပင်လယ် ကမ်းခြေနှင့်နီးစပ်သည့် ကျေးရွာများက ဘင်္ဂါလီများကို ဒေသဆိုင်ရာ အာဏာပိုင် များ က ဘေးကင်းရာ နေရာများသို့ ပြောင်းရွှေ့ပေး၍ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုးရွာသွန်းနေကာ လေတိုက်နုန်း တနာရီ မိုင် ၃၀ မှ ၄၀ ၀န်းကျင် အထိ တိုက်ခတ်နေကြောင်း၊ လက်ရှိ အခြေအနေအရ စိုးရိမ်ရမည့် အနေအထား မတွေ့ရသေးကြောင်း၊ ပင်လယ်ကမ်းခြေနှင့်နီးစပ်သည့် ဒေသများမှ ကျေးရွာတချို့မှ ဒေသခံပြည်သူ ၄၀၀ ၀န်းကျင်သည် မြို့ပေါ်သို့ ပြောင်းရွှေ့လာကာ ဘုန်းတော်ကြီးကျောင်းနှင့်ဓမ္မာရုံ တို့ တွင် ခိုလှုံနေကြကြောင်း၊ စားဝတ်နေရေးကို ဘုန်းတော်ကြီးကျောင်းနှင့်ရပ်မိရပ်ဘများ၊ မြို့ခံများက တာဝန်ယူ ဆောင် ရွက် ပေးနေကြောင်း သိရသည်။

မင်းပြား

မင်းပြားမြို့နယ်၌  ယနေ့ နံနက်ပိုင်းတွင် မိုးအနည်းငယ်ရွာသွန်းပြီး လေတိုက်ခတ်မှု မရှိကြောင်း ဒေသခံ များ က ပြောသည်။မြိုနှင့်အလှမ်းဝေးသော ကျေးလက် ဒေသများ မှ ပြည်သူများသည် မုန်းတိုင်း တိုက်ခတ်မည်ဟု အာဏာပိုင်များက ကြိုတင် သတိပေးထားသည့် အတွက် မြို့ပေါ်သို့ ပြောင်းရွှေ့၍ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ စာသင်ကျောင်းများ တွင် ခို လှုံနေကြကြောင်း၊ ကျေးရွာ အသီးသီးမှ ပြောင်းရွှေ့လာသူ ၄၀၀၀ မှ ၅၀၀၀ ခန့်အထိ ရှိကြောင်း ဒေသခံများက ပြောသည်။ မင်းပြားမြို့နယ်သည် မဟာစင် မုန်တိုင်း အခြေအနေ စိုးရိမ်စရာ မရှိကြောင်းလည်း ဒေသခံများ က ပြောသည်။



 ခင်ဦးသာ
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved