မိုး/ဇလ ပညာရှင် ဦးထွန်းလွင်ရဲ့ Facebook

Thursday, May 16, 2013


မိုး/ဇလ ပညာရှင် ဦးထွန်းလွင်က မိုးလေ၀သ အခြေအနေတွေကို အွန်လိုင်းကနေ ပုံမှန် အကဲခတ်၊ တင်ပြနေပါတယ်။

သူထုတ်ပြန်တာတွေကို သူ့ရဲ့ ဝက်ဆိုက် http://www.tunlwin.com မှာ ကြည့်နိုင်သလို သူ့ရဲ့ Facebook www.facebook.com/tunlwin48 မှာလည်း ကြည့်နိုင်ပါပြီ။

သူနဲ့ Facebook အချိန်အဆက် မရှိပေမယ့် သူရေးသမျှ တင်သမျှကို ဖတ်နိုင်တဲ့နည်း ရှိပါတယ်။
သူ့ Facebook မှာ ရှိတဲ့ Follow ဆိုတဲ့ နေရာကို ကလစ်လိုက်ရင် သူတင်သမျှတွေကို အလွယ်တကူ ဖတ်နိုင်မှာပါ။

ဒေသတွင်းကို မုန်တိုင်းမဟာဆန် ၀င်ရောက်နေတဲ့ကာလ ဖြစ်တဲ့အတွက် သူ့ရဲ့ အင်တာနက် စာမျက်နှာတွေကို ၀င်ရောက်ဖတ်ရှုသူ အများအပြား ရှိနေတာ တွေ့ရမှာပါ။

ဒီမနက် သူတင်ထားတဲ့ ထုတ်ပြန်ချက်ကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ် -

01B MAHASEN ရဲ့ (၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် နောက်ဆုံးအခြေအေန။

(၁၆-၅-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန် မိုးလေ၀သဂြိုဟ်တုတိမ်ပုံအရ Mahasen ဆိုင်ကလုန်းဟာ အနောက်လေစီးကြောင်းများအတွင်း အရှေ့မြောက်ဖက်ကို ရွေ့လာပြီး
အိန္ဒိယ-ဘင်္ဂလားဒေ့ နှစ်နိုင်ငံနယ်စပ်တလျှောက်ကနေပြီး အရှေ့မြောက်ဖက်ကို ဆက်လက်ရွေ့နေပါတယ်။

ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားမို့ ပိုမိုအားကောင်းလာ ဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။

နေ့ရက်။ ၁၆-၅-၂၀၁၃
အချိန်။ နံနက်(၆)နာရီခွဲအချိန်။

လတ္တီတွဒ်။ 20.5°N
လောင်ဂျီတွဒ်။ 89.9°E

ဦးတည်ရာ။ 40°
နှုန်း။ တစ်နာရီ (၁၄.၅)မိုင်နှုန်း။

လေတိုက်နှုန်း။ တစ်နာရီ မိုင်(၆၀)
လေပုန်း။ တစ်နာရီ မိုင်(၇၅)မိုင်

မုန်တိုင်းအချင်းဝက်။ (၈၅)မိုင်
ဗဟိုအနီးရေလှိုင်း။ (၁၂)ပေ

မောင်တောကမ်းခြေ မုန်တိုငးဒိရေ။။ ၁ ပေမှ ၂ ပေ

ယခင် ခန့်မှန်းထားတဲ့အတိုင်း ထိခိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်ဖက်ပိုများပါလိမ့်မယ်။ ၀င်တာခန့်မှန်းတာထက် ပိုစောနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved