ဂျပန် ၀န်ကြီးချုပ် မြန်မာပြည်လာမယ်

Tuesday, May 21, 2013

ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ မကြာခင် အလည်အပတ်ခရီးအဖြစ် ရောက်လာပါတော့မယ်။ 

 ဓာတ်ပုံ- www.tumblr.com

ဂျပန် ၀န်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားပါတယ်။ 

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အလွန်နီးနီးကပ်ကပ်ရှိခဲ့တာပါ။ အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေခဲ့ချိန်တုန်းကတောင် ဂျပန်ဟာ မြန်မာကို လူသားချင်းစာနာ 
ထောက် ထားတဲ့ အကူအညီတွေ ပေးခဲ့တာပါ။ 

ဒီအပြင် မကြာသေးခင်ကမှပဲ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို ပေးစရာ ရှိတဲ့အကြွေး အမေရိကန် ဘီလျံများစွာကို ခေတ္တစိုက်ထုတ်ချေးငှားပေးခဲ့ပါသေးတယ်။ 

မြန်မာနိုင်ငံမှာလည်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ရှိနေသလို ပိုတိုးလာဖို့လည်း ရှိနေပါတယ်။ 

အခုလို ဂျပန် ၀န်ကြီးချုပ် လာရောက်တဲ့အခါ  မြန်မာနိုင်ငံ၊ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံလိုမှု ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ ဂျပန် သတင်းတပုဒ်မှာ ဆိုပါတယ်။ 


အိမ့်သံစဉ်~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved