မုံရွှာမှာ လေပြင်းမုန်တိုင်း တိုက်ခတ်

Thursday, May 2, 2013

မုံရွာမြို့တွင် ယနေ့ နေ့လယ် ၃ နာရီခွဲအချိန်လောက်က လေပြင်းမုန်တိုင်း တိုက်ခတ်ရာ မုံရွာမြို့ရှိ သစ်ပင်ကြီးတွေ ကျိုးပဲ့ခြင်း၊ မီးတိုင်တွေနဲ့ ဘေဘုတ်ဆိုင်းဘုတ်ကြီးတွေ ပြိုလဲခဲ့ရပါတယ်။ 

 သတင်းနှင့် ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ

မိနစ်၂၀ ကြာ တနစ်ရီ မိုင် ၆၀ နှုန်းလောက်နဲ့ တိုက်ခတ်သွားတဲ့ လေပြင်းမှာ မိုးများပါ ရွာသွန်းပြီး တစ်ချို့ 
နေရာတွေမှာ မိုးသီးကြီးတွေပါ ကျခဲ့ပါသေးတယ်။ 


ပြိုလဲသွားသော ဆိုင်းဘုတ်တွေကြောင့် ကားနဲ့ ဆိုင်ကယ်တွေ ပိမိပြီး ပျက်စီးခဲ့ပါတယ်။ မုံရွာတွင် နှစ်ပေါင်း ၄၀ ကြာ အတွင်း အခုလို တစ်ခါမှ မဖြစ်ဖူးခဲ့ပါဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ 



မုံရွာမြို့တွင်းနဲ့ ကျောက်ကာ လမ်းတစ်လျှောက်က နှစ်ရှည် သစ်ပင်ကြီးတွေဟာ အမြစ်ကနေ  ပြိုလဲပြီး အိမ်တွေပေါ် ပြိုလဲ ပိမိကြပါတယ်။ 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved