ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါး ပုဇွန်ဟင်း

Friday, May 10, 2013

အခု ဓာတ်ပုံမှာ ပြထားတာကတော့ မြန်မာအစားအသောက် ဟင်းလျာတမျိုးဖြစ်တဲ့ ငါးနဲ့ ပုဇွန် ဟင်းလျာ တခွက်ပါ။ ခရမ်းချည်သီးနဲ့ ချက်ထားတဲ့ ငါးဟင်းလျာဟာ ဓာတ်ပုံမှာ မြင်တာနဲ့တင် စားချင်သဖွယ်ဖြစ်သလို ဒီ ငါးနဲ့ပုဇွန် ဟင်း ကို ချက်တဲ့သူကို သိလိုက်မယ်ဆိုရင် စာဖတ်သူများ စိတ်ဝင်စားသွားကြမယ် ထင်ပါ တယ်။ 

 ဓာတ်ပုံ- The Telegraph

တကယ်တော့ ခရမ်းချည်သီးနဲ့ ငါး၊ ပုဇွန်ဟင်းကို ချက်တဲ့သူကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် 
ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။  ဒီပြင် သူဟာ ဟင်းချက်ကောင်းတဲ့ အိမ်ထောင်ရှင်မကောင်း တဦးဖြစ်တယ်ဆိုတယ် ပြောလို့ အံ့အားသင့်သွားမလား ။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစားအသောက် ဟင်းလျာတခုဖြစ်တဲ့ ခရမ်းချည်သီးနဲ့ ငါးနဲ့ပုဇွန် ချက် ထားတဲ့ ဟင်းလျာကို နိုင်ငံတကာကိုတောင် မိတ်ဆက်ထားပါသေးတယ်။ ဒါဆို ပိုပြီး အံ့အားသင့် သွားကြမလား။
 


ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီ ငါးနဲ့ ပုဇွန် ဟင်းကို ခရမ်းချည်သီးနဲ့ ဘယ်လို ချက်ရမယ်ဆိုတဲ့ အဆင့်ဆင့် လုပ်ဟန်တွေကို The Telegraph ရဲ့ အစားအသောက်ကဏ္ဍမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ က  ဖော်ပြထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီခေါင်းဆောင်တဦးဖြစ်သလို၊ ဟင်းချက်ကောင်းတယ်ဆိုတာ အခု ချက်ထားတဲ့ ခရမ်းချည်သီးနဲ့ ငါးဟင်းချက်ပြုတ်နည်း တင်ပြထားတာကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။  

ဒီနေရာကတဆင့် ဒေါ်အောင်ဆန်းစုကြည် ငါးနဲ့ ပုဇွန် ဟင်းဘယ်လို ချက်တယ်ဆိုတာ သွားကြည့်လည်း ရပါတယ်။

Serves 4
300g firm, sustainable white fish, cut into cubes
300g raw tiger prawns, peeled
2 tsp ground turmeric
2 tbsp fish sauce
5 shallots
5 cloves of garlic
2–3 red chillies (deseeded if you prefer)
2cm piece fresh ginger, peeled
3 tbsp vegetable oil
½ tsp paprika
800g fresh tomatoes, chopped
100ml fish or vegetable stock
30g fresh coriander
1 lime, cut into wedges, to serve
Mix together the turmeric, fish sauce and a splash of water to make a paste. Coat the fish and prawns with it, and set aside on a plate for 15-20 minutes to marinate.
Meanwhile place the shallots, garlic, chillies and ginger in a food processor or blender and blitz together until they form a paste.
Heat the oil in a deep frying- or sauté pan and fry the paste for 2-3 minutes until softened and fragrant smelling. Add the paprika and cook for a further minute. Add the chopped tomatoes and fry for 5-6 minutes until softened.
Pour in the stock and bring to the boil.
Stir in the prawns and cook for two minutes, then stir in the fish. Cover and leave to simmer gently for about five minutes, or until the prawns are pink and opaque and the fish is just cooked. Reserve some of the coriander for garnish and coarsely chop the rest.

Gently stir into the curry and season to taste with extra fish sauce and lime juice. Serve with steamed rice, garnished with the reserved coriander.

ကဲ.. ဒေါ်အောင်ဆန်းစုကြည်ကတော့ ခရမ်းချည်သီးနဲ့ ငါး ပုဇွန်ဟင်းကို ဘယ်လို ချက်တယ်ဆိုတာ သေချာ ရှင်းပြထားပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရမ်းချည်သီးနဲ့ချက်တဲ့ ငါး ပုဇွန်ဟင်းလျာကို ထမင်းနဲ့ သုံး
ဆောင်နိုင်ပါပြီရှင်။ 



အိမ့်သံစဉ်~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved