မိုဘိုင်းဖုန်းလောကရောက် Lenovo

Thursday, May 30, 2013


ကမ္ဘာ့ကွန်ပြူတာဈေးကွက်မှာ နေရာအခိုင်အမာ ရယူထားတဲ့ Lenovo ဟာ မိုဘိုင်းဖုန်းတွေ စတင်ထုတ်လုပ်ပြီး ဈေးကွက်မှာ တနေရာ ရဖို့  ပြင်ဆင်နေပါပြီ။

တရုတ်နိုင်ငံ အခြေစိုက် Lenovo ဟာ ၂ဝဝ၅ မှာ IBM ကို ဝယ်ယူပြီး ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း ကွန်ပြူတာလောကမှာလူကြိုက်များတဲ့ brand တခု ဖြစ်လာပါတယ်။

၂ဝ၁၂ မှာတော့  ကမ္ဘာ့ အရောင်းရဆုံး ကွန်ပြူတာစာရင်းမှာ ဒုတိယချိတ်ခဲ့တာ တွေ့ရမှာပါ။

Lenovo ရဲ့ ရုံးချုပ်ဟာ တရုတ်နိုင်ငံ  ဘေဂျင်းမြို့ မှာတခု၊ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် မော်ရစ်ဗေးလ်မြို့မှာ တခု တည်ရှိပါတယ်။

အခုဆိုရင် Lenovo ဟာ နိုင်ငံပေါင်း ၆ဝ မှာ အခြေယူကာ ကွန်ပြူတာ၊ သင်ပုန်းကွန်ပြူတာ၊ မိုဘိုင်းဖုန်း နဲ့  အိုင်တီပိုင်းဆိုင်ရာ လုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေပါပြီ။

 ကွန်ပြူတာပစ္စည်းတွေကို  နိုင်ငံပေါင်း ၁၆ဝ အထိ ဈေးကွက်ဖြန့်ကျက် ရောင်းချနေတာပါ။
Lenovo ရဲ့  ရန်ကုန်မြို့အတွင်း ထူးထူးခြားခြား ကြော်ငြာပုံအကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/03/lenovo.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

မြန်မာပြည်မှာလည်း Lenovo  အသုံးပြုမှု အများအပြားရှိတာ တွေ့ရပါတယ်။

မိုင်ဘိုင်းဖုန်းလောက မှာလည်း နေရာရယူလာဖို့ ကြိုးစားနေတဲ့  Lenovo ရဲ့ အမှုဆောင်အရာရှိချုပ် ယန်ယွမ်ကွင်းက ...
 “မိုဘိုင်းဖုန်းတွေဟာ ကျနော်တို့ ရဲ့ အခွင့်အလမ်းအသစ်တွေပါပဲ၊   ကုမ္မဏီ တခုအနေနဲ့  အဖက်ဖက်ကနေ တိုးတက်အောင် ကြိုးစားနေဖို့ လိုအပ်ပါတယ်” လို့ Wall Street Journal နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

 အာဆီယံဒေသကို ကြည့်ရင်လည်း Lenovo ဟာ အင်ဒိုနီးရှားဈေးကွက်ကို စတင်ဖြန့် ချီပြီး ယခုအခါ ထိုင်း နဲ့ မလေးရှားကို စတင်ထိုးဖောက်နေပြီဖြစ်ပါတယ်။
 ဈေးနှုန်းအနေနဲ့  ဒေါ်လာ ၁ဝဝ ကနေ ၅ဝဝ အထိ တန်ဖိုး သတ်မှတ်ထားတဲ့ ဖုန်းအမျိုးအစားတွေ ထုတ်လုပ်နေတာပါ။

လက်ရှိအချိန်မှာတော့ Lenovo S2 , Lenovo IdeaPhone P770, Lenovo IdeaPhone K900, LENOVO-K800    အမျိုးအစားတွေဟာ အရောင်းသွက်နေပြီး
ဈေးနှုန်းသင့်တင့်ကာ ဒီဇိုင်း ဆန်းနေတာကြောင့် လူကြိုက်များနေပါပြီ။

Lenovo ဖုန်းတွေဟာ Andriod OS ကိုအသုံးပြုထားပါတယ်။

ဒီသတင်းနဲ့အတူ ဆက်စပ် ဖတ်ရှုသင့်တာကတော့ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းလာတဲ့ Lenovo ဟန်းဆက်  http://blog.irrawaddy.org/2012/09/lenovo.html ဆိုတာပဲ ဖြစ်ပါတယ်။

ကိုးကား။


http://www.pcworld.com/article/2039921/sticking-to-business-can-help-lenovo-smartphones-shine-in-the-u-s-.html

http://bangkokpost.com/tech/gadget/352240/lenovo-in-lucrative-smartphone-markets

http://lenovomobile.com.ph/home/



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved