ကျဆုံး/ ကွယ်လွန်သွားသူ ၁၃ ဦးအတွက် ကမာရွတ် NLD ဂုဏ်ပြု

Monday, May 27, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ကမာရွတ်မြို့နယ်က ပါတီဝင်တွေ ဟာ ကွယ်လွန်/ ကျဆုံးခဲ့တဲ့ အဖွဲ့ဝင်တွေကို ဂုဏ်ပြုသည့်အခမ်းအနား တခုကို ယနေ့ မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ 


အဲဒီအခမ်းအနားမှာ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရုန်းကန် တိုက်ပွဲ ၀င်ချိန် ကာလ တလျှောက် ကမာရွတ်မြို့နယ်တွင်းနေထိုင်ခဲ့သူများထဲက ကွယ်လွန်/ ကျဆုံး သွားကြသူတွေကို အမျှအတန်းပေးဝေ ဆုတောင်း မေတ္တာ ပို့သခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအခမ်းအနား တက်ရောက်လာသူတွေကိုလည်း ကမာရွတ်မြိုနယ်က ၁၉၈၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အတွင်း ကွယ်လွန် / ကျဆုံးသွားသူ ( မှတ်တမ်း အရ) ၁၃ ဦးရဲ့ ဘ၀ဖြတ်သန်းမှုတွေကို ပြန်လည် လက်ဆင့်ကမ်း ပြောပြကြတယ်လို့လည်း သိရပါတယ်။ 

အရင်ချိန်တွေတုန်းကတော့ မေလ ၂၇ ရက်နေ့ ရောက်တိုင်း ပါတီက ရွေးကောက်ပွဲ အောင်ပွဲနေ့အဖြစ် ကျင်းပခဲ့ပေမယ့် အခုတော့ မကျင်းပတော့ပါဘူး။ ဒါပေမယ့် အခုလို ကမာရွတ် NLD က ကွယ်လွန်/ ကျဆုံး သွားသူတွေအတွက် ဂုဏ်ပြု အခမ်းအနားကို ဒီနေ့မှာ ကျင်းပလိုက်တာကတော့ စိတ်ဝင်စားစရာဖြစ်ပါ  တယ်။  


ကမာရွတ်မြို့နယ်က ကျဆုံး/ကွယ်လွန်သွားသူများ စာရင်း





အိမ့်သံစဉ် ~



1 comments :

  1. Anonymous said... :

    ဂုဏ်မယူပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved