တယ်လီဖုန်းကို ရေအောက်ယူသွားတာ စကားပြောဖို့ မဟုတ်ပါဘူး။ ဖုန်းဆက်ဖို့ပါ။ ဒီအကြောင်း ဧရာဝတီ အိုင်တီ ဆောင်းပါးရှင် ဆောင်းဦးလင်းက အခုလို ပြောပြထားပါတယ် ...
Sony ရဲ့ အသစ်ထွက်ရှိလာမယ့်ဖုန်းအသစ် Sony Xperia ZR ဟာ လက်ရှိနာမည်ကြီးဖုန်းတွေမှာ မပါဝင်သေးတဲ့ နည်းပညာသစ်တွေ ထည့်သွင်းထားပါတယ် တဲ့။
အဲဒီထဲမှာ ရေစိမ်ခံနိုင်တဲ့အစွမ်းလည်း အပါအ၀င်ပေါ့။
ရေအောက် ၅ မီတာအထိ ဖိအားခံနိုင်မယ်၊ ရေထဲမှာ ဓာတ်ပုံရိုက်ချင်တဲ့ သူတွေအတွက် အဆင်ပြေစေမယ့် အကောင်းစား ကင်မရာလည်း ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။
ရေဖိအားဒဏ်ခံနိုင်မှုဟာ IP 55 – IP 58 ရှိတယ်၊ အရင်ထွက်ရှိထားတဲ့ Sony Xperia Z ထက် သာလွန်ကောင်းမွန်ပါတယ်။
ရေစိုဒဏ် ခံနိုင်တယ်ဆိုပေမယ့်လို့  ဒီဖုန်းကို ပင်လယ်ရေထဲ အသုံးမပြုသင့်ဘူး၊ သန့် ရှင်းတဲ့ ရေကူးကန်မှာသာ အသုံးပြုသင့်တယ်လို့ ကြိုတင် တိုက်တွန်းထားတာပါ။
ကျန်တဲ့အချက်တွေအနေနဲ့ တော့ ဖုန်းမျက်နှာပြင်ဟာ အရွယ်အစားဟာ Sony Xperia Z နဲ့ တူညီပြီး 4.6 screen size ရှိပါတယ်။
အလုပ်လုပ်တာမြန်ဆန်ဖို့ အတွက်တော့ 1.5 GHz quad-core Qualcomm Snapdragon Processor ကိုအသုံးပြုထားပါတယ်။
(ဧရာဝတီဘလော့မှာ ဖော်ပြထားတဲ့ အိုင်တီ အကြောင်းအရာတွေကိုပဲ ဖတ်လိုတယ် ဆိုရင် သွားရမယ့် နေရာက http://blog.irrawaddy.org/search/label/IT ဖြစ်ပါတယ်။)
သိုလှောင်နိုင်မှုမှတ်ညဏ်အားဖြင့် 2GB ပါရှိပြီး memory card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
ဓာတ်ပုံရိုက်မယ့်သူတွေနှစ်ခြိုက်နိုင်တာကတော့ 13-megapixel camera ပါရှိခြင်းပါပဲ။
ဒါကြောင့် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။
ဒါ့အပြင် HD quality ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Exmor RS Image Senson ကိုအသုံးပြုထားတာကြောင့် ရေအောက်မှာ ဓာတ်ပုံကောင်းတွေ
ရိုက်ချင်တဲ့သူတွေအတွက်အဆင်ပြေစေမှာပါ။
Sony က လက်ရှိအချိန်မှာတော့ ဈေးနှုန်းကို မကြေညာသေးပါဘူး။
နောက်လပိုင်းအတွင်း ထွက်ရှိလာမှာဖြစ်ပါတယ်။
အရောင်အနေနဲ့ကတော့ အဖြူ နဲ့  အနက်ကိုပဲ တကမ္ဘာလုံးကိုဖြန့် ချီမှာဖြစ်ပါတယ်။
ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့်မှာသွားရောက်ကြည့်ရှုနိုင်ကြပါပြီ။
https://www.youtube.com/watch?feature=player_embedded&v=h1a7KjdUqmA
ကိုးကား
http://mashable.com/2013/05/13/sony-xperia-zr/
- ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment