တိဗက်အလှနဲ့ သဘာဝ

Friday, June 28, 2013

ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းတခုထဲက တိဗက်ရဲ့ အလှတရားပါ။ သစ်သား အိမ်တွေ 
သောင်းချီ ရှိပြီး လာရမ် ဂါ တောင်ကြား တလျှောက် မှင်သက်လောက်အောင် လှပနေတာပါ။ 

ဓာတ်ပုံများ-Shinya Itahana / Barcroft India

ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေ၊ မယ်သီလရှင်တွေနဲ့ ဘာသာရေး လေ့လာနေကြတဲ့ ကျောင်းသားတွေ စုစုပေါင်း ၄ သောင်းကျော်တို့ရဲ့ အိမ်လေးတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၂၅၀၀ အမြင့်မှာ  သေတ္တာပုံး လေးတွေအစီအရီ ချထားတာနဲ့ တူနေပါတယ်။ 

အခု ဓာတ်ပုံတွေထဲမှာတွေ့ရတဲ့ နေရာဟာ တရုတ်နိုင်ငံ ဂါဇီ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆာသာ အရပ် လာရမ် တောင်ကြားမှာ ဖြစ်ပါတယ်။ 

အခန်း ၁ ခန်းမှ ၃ ခန်းထိ လူနေခန်းတွေမှာ အိမ်သာ မရှိပါဘူးတဲ့။ ဒါပေမယ့် အများသုံး အိမ်သာတွေတော့ အဲဒီအရပ်မှာ နေထိုင်သူ လူပေါင်း ၄ သောင်းကျော် အတွက် စီစဉ်တည်ဆောက်ထားပါတယ်။ 

ဒီဓာတ်ပုံတွေကို အသက် ၃၃ နှစ်ရှိ ဂျပန် ဓာတ်ပုံဆရာ ရှင်ယား အိတာဟန က နွေရာသီနဲ့ ဆောင်းတွင်း ကာလ တွေ မှာ ကြိမ်ဖန်များစွာ သွားပြီး မှတ်တမ်း တင်ထားတာပါ။ တိဗက်ရဲ့အလှဟာ အံ့မခန်း လှပ တာကို ကြည်နူးစွာ ခံစားနိုင်ကြပါစေ။ 















အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved