ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲ ချင်းမိုင်တွင် ကျင်းပမည်

Thursday, June 27, 2013

ထိုင်းနိုင်ငံ ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အခုလာမယ့် တနင်္ဂနွေနေ့ (၃၀-၀၆-၂၀၁၃) ရက်နေ့မှာ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် လိုက်နာရမည့် စည်းကမ်း ဥပဒေများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ 


ဒီဆွေးနွေးပွဲကို(ချင်းမိုင်မြို့) အလုပ်သမား စောင့်လျှောက်ရေးရုံး(Chiang Mai Labour Protection and Welfare Office)မှ တာဝန် ရှိ ပုဂ္ဂိုလ်တွေ နဲ့ “စေတနာ” နာရေးကူညီမှု အသင်းတို့ ပူးပေါင်းပြီး ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်မှာပါ။ 


CHIANG MAI LABOUR PROTECTION AND WELFARE OFFICE SAYTANAR FOUNDATION 

လတ်တလောအချိန်မှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအစိုးရ သဘောတူ အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာ
ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ယာယီပတ်စ်ပို့ ပြုလုပ်ဖို့ မေလ ၁၁ ရက်ကနေ လာမယ့် သြဂုတ်လ ၁၁ ရက်အထိ သက်တမ်း ထပ်တိုးပေးထားတဲ့ အချိန်လည်း ဖြစ် နေပါတယ်။ 


ယာယီပတ်စ်ပို့ ပြုလုပ်စဉ် တချိန်တည်းမှာပဲ ထိုင်းအလုပ်ရှင် တချို့က အလုပ်သမားတွေ အလုပ်ထွက်လို့ မရအောင် ပတ်စ်ပို့သိမ်း ဆည်းထားတာတွေ လုပ်ခ ပုံမှန်မရှင်းတာတွေ စတဲ့ အခက်အခဲတွေနဲ့ အလုပ်သမားတွေ ကြုံတွေ့နေပါတယ်။ 

ပြီးခဲ့တဲ့ လထဲမှာပဲ အလုပ် သမားလက်မှတ် မပြနိုင်တာကြောင့် ယာယီပတ်စ်ပို့ကို ထိုင်းရဲက သိမ်းပြီး ဘတ် ၅၀၀၀ နဲ့ ပြန်ရွေးခိုင်းတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါ သေးတယ်။ 

ယာယီပတ်စ်ပို့ဟာ အလုပ်သမားအခွင့်အရေးအတွက် ဘယ်လောက်အထိ အာမခံပေးနိုင်မလဲဆိုတာ 
မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ 

ချင်းမိုင်က ယာယီပတ်စပို့ ထုတ်ပေးတဲ့ ရုံးတရုံး 

ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲဟာ ချင်းမိုင်ရောက် မြန်မာအလုပ်သမားတွေ အတွက်များစွာ အကျိုးပြုမယ့် ဆွေးနွေးပွဲ တခု ဖြစ်သလို ဒီဆွေးနွေးပွဲဟာ ထိုင်းအလုပ်သမားရုံးက တာဝန် ရှိ သူတွေနဲ့ ထိပ်တိုက်တွေ့ ပြီး ပြောဆိုရမှာမို့ အလုပ်သမားတွေအတွက် နားမျက်စိတွေ ပွင့်လာနိုင်မယ်လို့ ယူဆရပါတယ်။ ။ 


ငြိမ်းဇော် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved