ဦးနေမျိုးဝေ နဲ့ ဇေကမ္ဘာဦးခင်ရွှေအမှု နောက်ဆက်တွဲ

Friday, June 14, 2013


အသရေဖျက်မှုနဲ့ စွပ်စွဲခံရသူ ဇေကမ္ဘာ ဦးခင်ရွှေဟာ ဇွန် ၁၀ ရက်နေ့ ဒဂုံမြို့နယ်တရားရုံးရဲ့ ပထမအကြိမ် ရုံးချိန်းကို ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
ဦးနေမျိုးဝေက သူ့ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့  တရားစွဲထားတာပါ။


ဇွန် ၁၀ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - အဲမလီ/ဧရာဝတီ)

လာမယ့်ရုံးချိန်းက ဇွန် ၂၄ ရက်နေ့ပါ။ 

တရားခံအဖြစ် စွပ်စွဲခံရသူဟာ ရုံးချိန်းရက်ကို ၁ကြိမ် ၂ကြိမ်တော့ ပျက်ခွင့် ရှိနိုင်တယ်  ဒါပေမယ့် ဘာကြောင့်ပျက်ရလဲ ဆိုတဲ့အထောက်အထား
ခိုင်ခိုင်လုံလုံတော့ ရှိရမှာဖြစ်တယ်လို့  ရှေ့နေ ဒေါ်စန္ဒာဦးက ဧရာဝတီကို ပြောပြပါတယ်။
တကယ်လို့ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ဘဲ  (၃) ကြိမ်လောက်  ပျက်ကွက်နေတယ်ဆိုရင်တော့ ရုံးချိန်းဆိုရင် သူ့ကိုဖမ်းဝရမ်း ထုတ်လို့ရတယ်လို့ ဆိုပါတယ်။

ကျနော့်တယောက်တည်း ဂုဏ်သိက္ခာထိခိုက်တဲ့ ကိစ္စမျိုးတွေက နိုင်ငံရေးသမား တယောက်အနေနဲ့ သည်းခံပေးလို့ ရပါတယ်။
သို့သော်လည်းဘဲ လယ်ယာပြဿာနာတွေကို ဖြေရှင်းဖို့ မစဉ်းစားဘဲနဲ့ တောင်သူ လယ်သမားတွေကို ပြန်ပြီးတရားစွဲထားတယ် ။
တဖက်သတ် ထိုးနှက်တဲ့ပုံစံတွေနဲ့ တိုက်ခိုက်နေတဲ့အခါ ကျတော့ ဥပဒေကြောင်းအရ ကျန်တဲ့လူတွေလဲ ရင်ဆိုင်ရဲတယ်၊
ရင်ဆိုင်နိုင်တယ်ဆိုတာကို ပြချင်လို့ တရားစွဲလိုက်တာပါလို့ ဦးနေမျိုးဝေက ဧရာဝတီကို ပြောဆိုပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved