ရွှေတွံတေးဆရာတော် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်း ဖွင့်ရန်ရှိ

Monday, June 17, 2013

ထိုင်းနိုင်ငံ ဟာချိုင်ရောက်နိုင်ငံသား   တိုင်းရင်းသားများ၏ ကလေးငယ်များ မြန်မာစာ သင်ကြားနိုင်ရန် ကိုယ်ထူ ကိုယ်ထ ကျောင်း  များ ဖွင့်လှစ်ရေးအတွက် မဟာချိုင်လူမှုအဖွဲ့ များ ဘာသာရေးအဖွဲ့ များ စိတ်ပါဝင်စားသူများ ဆွေးနွေး ပွဲသို့  ရွှေတွံတေးဆရာတော်ကြွရောက်ခဲ့ပါတယ်။ 

ကိုယ်ထူ ကိုယ်ထ ကျောင်းများကို အခက်အခဲများကြားက ဖွင့်လှစ်ခဲ့ရာ ကန်ပူရီကျောင်းတွင် ကျောင်းသား ၁၆၀ ဦး ဘန်ထိုလကျောင်းတွင်ကျောင်းသား ၃၀ ဦး ကံဖာကျောင်းတွင်ကျောင်းသား ၂၀ ဦး ပညာသင် ကြား လျက်ရှိပါတယ်။ သက်တမ်း ၄ နှစ်ကျော်ခဲ့ပါပြီးဖြစ်ပါတယ်။ 


ရွှေတွံတေးဆရာတော်က “ကိုယ်ထူ ကိုယ်ထ ကျောင်းဆိုတာ အခက်အခဲတွေအများကြီးရှိမှာပဲ ကိုယ့် မျိုးဆက်သစ် ကလေးတွေ မိခင်စာတတ်မြောက်ဖို့  ၀ိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြပါ - တစိုက် မတ်မတ် စိတ်ဓါတ်နဲ့ ပူးပေါင်းညှိနှိုင်းသွားကြရင် အောင်မြင်မှာဘဲ သက်ဆိုင်ရာတွေကကူညီ ပံ့ပိုးပေး ကြရင်တော့ ပိုကောင်းတာပေါ့ - အခုထိတော့ ထူးထူးခြားခြားမရှိသေးပါဘူး .”....... စသဖြင့် မိန့် ကြားခဲ့ ပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved