ရွှေမျက်မှန်ဘုရားကြီး ပြင်ဆင်ရန် လိုအပ်နေ

Friday, June 7, 2013

ပဲခူးတိုင်းဒေသကြီး (အနောက်)ရွှေတောင်မြို့မှ “-ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ရွှေမျက်မှန် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ”သည် နှစ် ပရိစ္ဆေရကြာမြင့်လာသည့် အတွက် ရင်အုပ်တော်၊ညာဖက်လက်တော် တို့-“ပလက်စတာ၊သရိုး” တို့ကွာလာ၍ ပြန်လည်မွန်းမံရန်အတွက် ရှေးဟောင်း သုတေသနဦးစီဋ္ဌာန သို့အကြောင်းကြားထားကြောင်းသိရပါသည်။ 

 ဓာတ်ပုံ- ကိုဘရှီး- ဧရာဝတီ

ရွှေတောင်မြို့၊ သိမ်ကုန်းအရပ်တွင် ကိန်းဝပ်စံပယ်တော်မူသော ရုပ်ပွားတော်မြတ်ကြီးသည် မြန်မာတနိုင်ငံ လုံးတွင် ဘယ်အရပ်ဘယ်ဒေသမှာမှ မရှိသော မျက်မှန်တော်တပ်ဆင်ထားသော ရုပ်ပွားတော်တ ဆူ ဖြစ်ပြီး၊ မျက်မှန်တော်၏ ရွှေအလေးချိန်-(၆) ပိဿာ၊(၃၉) ကျပ်သား၊ အရှည်/အကျယ်-(၆ ပေ-၃ လက္မ) ရှိပါသည်။ 



ရွှေမျက်မှန် သမိုင်းအကျဉ်း။ 

ပျူခေတ်-သရေခေတ္တရာမင်း-ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရား နှင်းစန္ဒာဒေ၀ီ မိဖုရားတို့သည် ဘီစီ (၅) ရာစုအတွင်းရွှေတော်မြို့ အနောက်တောင်ဖက်ယွန်းယွန်းရှိရွှေနတ်တော်စေတီတော်မြတ်ကြီးကို-အသစ်ထပ်မံပြုပြင်မွန်းမံပြုပြင်-ပူဇော်ဖူးမြော်ပြီး-အပြန်၊ ရွှေတောင်တွင် ညအိပ်ရပ်နားခဲ့ရာ ဗိဿနိုး မိဖုရားကြီးသည်-အိမ်မက်မြင်မက်ခဲ့သည်။ 

မိမိတို့တည်းခိုသောနေရာနှင့်-အနောက်ဖက်တွင်-ဘုရား ရုပ်ပွားတော်တဆူကို ဖူးမျှော်ရကြောင်းအိမ်မက် မြင်မက်သဖြင့်-နောက်တနေ့န့နက်တွင်-ဘုရင်ကြီးကိုပြောပြရာ-မူးမတ် ပရိသတ်အစုံ နှင့်-ထိုနေရာကို ရှာဖွေကြသည်။ 

ထိုအခါ ယခုရွှေမျက်မှန် ဘုရားကြီးရှိသောနေရာတွင်-ဘုရားရောင်ချည်တော်ကဲ့သို့ အရောင်မျိုးစုံ ၀င်း လက်ပြီး ကောင်းကင်သို့ ရောင်စဉ်များ ဖြာတက်သွားသည်ကို မင်း၊ပရိတ်သတ် တို့ မြင်တွေ့ လိုက်ကြသော 
ကြောင့်ဟု ဆိုကာ မိမိတို့ ဘုရား တည်ပြီးကုသိုလ်ကောင်းမှုပြုလုပ်ရန်အတွက် နတ်ကောင်းနတ်မြတ်များက
ပြသခြင်းဟုယုံကြည်ကာ-ထိုရုပ်ပွားတော်မြတ်ကြီးကို-မဟာသက္ကရာဇ်(၂၅၀)ခုနှစ် တွင် တည်ထား ကိုးကွယ် ခဲ့ကြခြင်းဖြစ်သည်။

(ထိုစဉ်က ရွှေမျက်မှန်တပ်ဆင်ထားခြင်းမရှိသေးပါ) 

ထိုနောက်မကြာသောကာလတွင်-ဒွတ္တဘောင် မင်းကြီး နတ်မျက်စိ အလင်းရောင်ကွယ်သွားလေရာ-ပညာရှိ မူးမတ်များအား-ဗေဒင်ကိန်ကန်းများ တွက်ချက်ခိုင်းရာ-ရုပ်ပွားတော်မြတ်ကြီးတွင်-မျက်လုံးတော်နှင့် လိုက်ဖတ် ညီသော-မျက်လုံးတော်ပုံသဏ္ဍန်နှင့်တူ ညီသည့်-မှန်တစုံကိုဆက်ကပ်လျှုဒန်းပါက မင်းကြီး၏ နတ်မျက်စိ အလင်းရောင်ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း လျှောက်ထားသဖြင့်--မှန်တစုံကိုလျှုဒန်းရာ-မင်းကြီး၏ နတ်မျက်စိ အလင်း ပြန်လည်ရရှိခဲ့ပါသည်။ 

ပြန်လည် မွမ်းမံပြင်ဆင်မှုများ 

မြန်မာ သက္ကရာဇ်(၁၂၂၇)တွင်ရွှေတောင်မြို့စားကြီး“ ဇေယျနန္ဒမိတ်”ကထိုရုပ်ပွားတော်မြတ်ကြီးကို-ပြန်လည် 
ပြုပြင်မွန်းမံပြီး-ရွှေသားအတိဖြင့် မျက်မှန်တော်ကြီးကိုတပ်ဆင်ပူဇော်ခဲ့ပါသည်။-

မြန်မာသက္ကရာဇ် (၁၂၄၇)ခုနှစ် သီပေါမင်း ပါတော်မူသော အချိန်တွင်-မျက်မှန်တော်အခိုးခံရသဖြင့်-ရွှေတော်မြို့ ၀န်ထောက်ကြီးဦးမဲ- ကဒုတိယအကြိမ်မျက်မှန်တော်ကြီးကပ်လျှုပူဇော်ခဲ့ပြီးခေတ်ကာလအချိန်မကောင်းသဖြင့် ထိုဒုတိယ မျက်မှန်တော်ကြီးကို-ရုပ်ပွားတော်ကြီးနောက်ဖက်တွင်ရှိ စေတီတော်တွင် ဋ္ဌာပနာပြီး သိမ်းဆည်း ထားခဲ့လေသည်။ 

တတိယ မျက်မှန်တော်ကို-နယ်ပိုင်ဝန်ထောက်-မစ္စတာ ဟတ်တနိုးနှင့်ဇနီးတို့ကတပ်ဆင်ပူဇော်ခဲ့ပြီး-ယခုလက်ရှိ မျက်မှန်တော်မှာ မြန်မာသက္ကရာဇ် (၁၃၆၂)ခုနှစ်တွင် ရန်ကုန်မှ-ဦးလှဝင်(ခ) ဦးရာဂျုးနှင့် ဇနီးတို့က-မျက်မှန် 
တော်ကြီး မူလပုံစံအတိုင်း-ကပ်လှုပူဇော်ခဲ့ပါသည်။ 

အခု နောက်ဆုံး မွမ်းမံရန်။ 

(၆.၆.၂၀၁၃)ရက်နေ့က-ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှုး-ဦးမျိုးတင့်အောင်နှင့်အဖွဲ့တို့ လာရောက် ကြည့်ရှုကြပြီး-ရှေးဟောင်း ပစ္စည်းတို့ကို ထိမ်းသိမ်းသော ခေတ်မှီ နည်းလမ်းများနှင့် လုပ်ဆောင်ပြုပြင်ရန် နည်းလမ်း အကူအညီတို့ပေးမည်ဖြစ်ကြောင်းပြောလာသည်။ 

လုပ်ဆောင်စရာများ။ 

ဘုရားဆောင်အတွင်း ရေငွေ့ဆုပ်စက်(၂) လုံးထားပေးရန် 
ရေပိုက်တွေကို ရေမစိမ့်စေရန်လုပ်ရန် 
လေ၀င်လေထွက်ကောင်းအောင်ပြုလုပ်ရန် 
အဲယားကွန်းတွေ ကိုလျှော့ပြစ်ရန် 
လျှပ်စစ်မီး အသုံးပြုမှုများလျှော့ချရန် ( ဆလိုက်မီးများပါဝင်) 
ရုပ်ပွားတော်ကိုဆေးထိုးရရန်၊ 
ထိုဆေးကိုရန်ကုန်တွင် သွားဝယ်ရမည် (သွားဝယ်ရင်-သူတို့ဋ္ဌာနကလူ လိုက်ပို့ပေးမည်-) စသဖြင့် ဦးမျိုးတင့်အောင်တို့အဖွဲ့က ပြောသွားသည်။ 

ရွှေမျက်မှန်ဘုရားဂေါပက ဥက္ကဋ္ဌက-သူတို့ သတိထားမိလာသည်မှာ ကြာပြီဖြစ်ပြီး-ရှေးဟောင်း-လက်ရာဖြစ်သည့် အတွက်-မိမိတို့အနေနှင့်-ကိုယ့်သဘောနှင့်ကို-မလုပ် ရဲသဖြင့် -မြို့နယ်အုပ်ချုပ်ရေးဦးစီမှုး- မှတဆင့် ရှေးဟောင်း သုတေသနဦးစီး ဋ္ဌာနကိုတင်ပြအကူအညီတောင်ခံထားခဲ့ပြီးမှ-ယခုလိုစီစဉ်ကြောင်းတို့ကို ရှင်းပြပါသည်။


ရွှေမျက်မှန်ဆရာတော်-ဦးဝဏ္ဏသီရိ။ မြို့နယ် သံဃမဟာနာယက ဆရာတော်၊ ရွှေမျက်မှန်-ဥက္ကဋ္ဌ ဆရာတော်-ဦးသောဘိတ-(မဟာဝုဏ်ကျောင်း)၊ ဆရာတော် တို့ကလည်း ခေတ်ပေါ် နည်းပညာများဖြင့် ထိမ်းသိမ်းသင့်သည် ကို သဘောတူကြည်သည်။ 

အရင်ခေတ်က-ဥုံတုံ၊ ကျွဲကော်၊ ထမ်းလျှက်၊ အုံးမှုံ့၊ စတာတွေနဲ့ သရိုးကိုင်ပြီး တည်ဆောက် ထားတဲ့ ဘုရားကြီးဖြစ်တယ်လို့ ဆရာတော်တွေက နားလည်ထားကြတာပါ။ 

ဒါတွေကို ရှေးမူမပျက် ထိမ်းသိမ်းဖို့ ခေတ်သစ်နည်းပညာတွေနဲ့ လုပ်ဆောင်ဖိုပ လိုအပ်နေတယ်လို့လည်း မိန့်ကြားကြပါတယ်။ 

 ရွှေမျက်မှန်ဘုရားကြီးရဲ့ ပွဲတော်ကို နှစ်စဉ်  “နတ်တော်လဆန်း(၈)ရက်မှ -နတ်တော်လပြည့်နေ့အထိ-ဘုရားပွဲတော်ကျင်းပပြုလုပ်ပူဇော်ခဲ့ကြသည်မှာ ဒီနေ့တိုင်ထိပင်ဖြစ်ပါသည်။ 

ကိုဘရှီး ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved