အမေရိကန် အိပ်မက်နဲ့ မြန်မာ့ အစားအစာ

Thursday, June 20, 2013

အမေရိကန်လို့ ပြောလိုက်ရင် ပြေးမြင်မိလိုက်ကြမှာက လူနေမှု အဆင့်အတန်းမြင့်တဲ့ လောကီ နတ်ဘုံ၊ နတ်နန်း သ ဖွယ် ထင်ယောင်မြင်ယောင်မိကြတာပါ။ 

အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့ရှိ ယဉ်ကျေးမှုပေါင်းစုံကို မြင်တွေ့နိုင်သည့် Clement လမ်းတွင် ရှိသော Burma Superstar မြန်မာစားသောက်ဆိုင် (ဓာတ်ပုံ- forums.egullet.org)

အမေရိကန် ပြည်ထောင်စုမှာ မြန်မာတွေလည်း အတော်များ နေထိုင် ရုန်းကန်နေကြပါတယ်။ တချို့ လည်း အောင်မြင် ကြပြီး တချို့လည်း အိပ်မက်ထဲက ရုန်းမထနိုင်ပေးပဲ ပြိုင်ဆိုင်မှု လွန်ကဲတဲ့ ၀ဲသြဃမှာ အသက်ရှင်သန်ရေး၊ လူတန်းစေ့ နေရေးအတွက် တ၀ဲလည်လည် ရှိနေဆဲပါ။ 

“ကျနော်တို့ မိသားစု ၆ ယောက် ဆန်ဖရန်စစ္စကိုကို ရောက်လာတော့ လက်ထဲမှာ ဒေါ်လာ ၂၀၀ တောင် မပြည့်ပါဘူး။ အင်္ဂလိပ်စာကလည်း အနည်းအကျဉ်းပဲ တတ်ပါတယ်။ ဒီအခက်အခဲတွေက ကျနော်တို့ ရဲ့ အမေရိကန် အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ တွန်းအားတွေဖြစ်စေခဲ့တာပါ။ မိဘတွေက ကျနော်တို့ကို အမေရိကန်ကိုခေါ်လာဖို့ သတ္တိတွေ ဖြစ်လာစေတာပါ”လို့ ပြောလိုက်သူက ဦးဒက်စမွန်ထွန်းလင်း ဆိုသူပါ။ 

သူက အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ဖရန်စ္စကိုမြို့ရှိ ယဉ်ကျေးမှုပေါင်းစုံကို မြင်တွေ့နိုင်တဲ့ Clement လမ်းရှိ အောင်မြင်လူသိများနေတဲ့ Burma Superstar မြန်မာစားသောက်ဆိုင် ပိုင်ရှင်ဖြစ်ပါ တယ်။ 

သူ့ဆိုင်ခွဲတွေကိုလည်း Oakland နှင့် Alameda အရပ်တွေမှာ ဖွင့်လှစ်ထားပါတယ်။ ပြီးတော့ အမေရိကန် မှာ မြန်မာ့ အစားအစာဖြစ်တဲ့ မုန့်ဟင်းခါးနဲ့ လက်ဖက်သုပ်တွေကိုလည်း ကယ်လီဖိုးနီးယားမှာ လူကြိုက် များတဲ့ အစားအစာ ဖြစ်အောင် သူတို့က စွမ်းဆောင်နိုင်ခဲ့ကြတာပါ။ 

အခုလို အမေရိကန် အိပ်မက်တွေ အသက်ဝင်လာကာ အောင်မြင်လာရတဲ့အကြောင်း၊ မြန်မာ့ အစား အစာတွေ ကို ဘယ်လို မိတ်ဆက်ခဲ့တယ်ဆိုတာတွေကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာက အင်တာဗျူး ကဏ္ဍမှာ မြန်မာ့စားဖွယ်နှင့် အမေရိကန်အိပ်မက် (http://burma.irrawaddy.org/archives/42602) ဆိုတာမှာ ဖတ်လို့ရပါပြီ။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved