အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းကြီးက မြန်မာနိုင်ငံက ရဟန်းတပါးဖြစ်တဲ့ ဦး ၀ီရသူကို မျက်နှာပုံ တင်ပြီး ဆောင်းပါး တခု ဖော်ပြခဲ့တာကို မြန်မာအစိုးရ က ကန့်ကွက်ပြီးနောက်ပိုင်း အခု နောက်ဆုံး အနေနဲ့ အဆိုပါ တိုင်းမ် မဂ္ဂဇင်းမူရင်းကိုသော်လည်းကောင်း၊ မိတ္တူပွား၍သော်လည်း ဖြန့်ချီခွင့်၊ လက်ဝယ် ထားရှိခြင်းတွေကို ပိတ်ပင်လိုက်ပါတယ်။
ပြည်သူ အကျိုးငှာ ကြေညာလိုက်သည်" ဟု အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီ က ဇွန်လ ၂၅ ရက်နေ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အခု ကိစ္စဟာ ပထမဆုံး စာနယ်ဇင်းဆိုင်ရာ ပိတ်ပင် မှု တခုလည်းဖြစ်ပါတယ်။
အဆိုပါ ကော်မတီက ထိုကဲ့သို့ ပိတ်ပင်ကန့်သတ်လိုက်တာဟာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပေါ်လာဖို့အတွက်လို့ လို့ ဆိုထားပါတယ်။
တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ပတ်သက်လို့လည်း အခုလို အဆိုပါ ကော်မတီ ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
အိမ့်သံစဉ် ~
ပိတ်စ၇ာမလိုပါဘူး....မြန်မာပြည်မှာTime Magazine ဖတ်နှိုင်တဲ့သူဆိုလို့ ၁% မရှိပါဘူး။