သိမ်ဖြူလမ်း နဲ့ မဟာဗန္ဓုလလမ်းဆုံ ယာဉ်တိုက်မှု

Friday, June 21, 2013


ရန်ကုန်မြို့ သိမ်ဖြူလမ်း နဲ့ မဟာဗန္ဓုလလမ်းဆုံမှာ ဒီမနက် ယာဉ်တိုက်မှုတခု ဖြစ်ပါတယ်။

ကားအဖြူလေးတစီးနဲ့ ဘတ်စ်ကားတစီး တိုက်ကြတာပါ။


ခရီးသည်တင် ဘတ်စ်ကားကြီး (ကားနံပတ် ၂ဃ/ xxxx) က မဆိုစလောက် ထိခိုက်သွားတာကို ပုံမှာ တွေ့ရတဲ့အတိုင်းပါပဲ။

အဖြူလေး  (ကားနံပတ် xx/ xxxx) ကတော့ အတော်လေး ပျက်သွားတယ်။


(ဒီ ပို့စ်မှာ ကားနံပတ်တွေကို xxxx ဖြစ်နေရခြင်းက မြန်မာစာနယ်ဇင်းများမှာ ရေးသလို ရေးလိုက်တာပါ။ ပြီးတော့ ကားဖြူလေး နံပတ်က တစိတ်တပိုင်းပဲ တွေ့ရပါတယ်။)

ယာဉ်ပေါ်ပါသူတွေ ဘယ်လို ထိခိုက်ဒဏ်ရာရသလဲ ဆိုတာတော့ မသိရပါဘူး။


ကားဖြူက ရှေ့ပိုင်း အပျက်အစီးကတော့ မြင်တဲ့အတိုင်းပါပဲ။
အခြေအနေ ဆိုးပါတယ်။
ညာဘက်ဘီး ၂ ခုလုံး ပြားနေတာကိုလည်း တွေ့ရမှာပါ။
အကွာအဝေး အတော်များများကို လွှင့်သွားလို့ဖြစ်မယ် ထင်ပါတယ်။


အဖြူလေးရဲ့ ဘန်ပါ တစိတ်တပိုင်း ပလက်ဖောင်းဘေး လွှင့်ပြီး ရောက်လာတာကို ကျွန်ုပ်တို့၏ဓာတ်ပုံဆရာတဦးက အထက်ပါအတိုင်း မှတ်တမ်းတင်ထားပါတယ်။

အချက်အလက် ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ တင်ပြလိုပေမယ့် စာရေးသူကိုယ်တိုင် အဲဒီနေရာရောက်ခဲ့တာ မဟုတ်တဲ့အတွက် ဒီလောက်ပဲ ရေးသား ဖော်ပြလိုက်ပါတယ်။

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved