ရွှေညဝါဆရာတော် ဂျပန်သို့ ကြွမည်

Thursday, June 6, 2013

ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟနဲ့ လက်ထောက် ဦးသူရိယတို့ဟာ ဇွန်လ ၁၁ ရက်နေမှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်လာမှာဖြစ်ပြီး ၆ ရက်ခန့် သီတင်းသုံးနေထိုင်မှာဖြစ်ကြောင်း သိရပါတယ်။ 

 ရွှေည၀ါ ဆရာတော် ဦးပညာသီဟ၊  ဓာတ်ပုံ- လင်းသန့်/ဧရာဝတီ 

ရွှေည၀ါ ဆရာတော်မှ ဂျပန်နိုင်ငံရှိ မြန်မာမိသားစုတွေကို တရားရေအေးတိုက်ကျွေးမှာဖြစ်ပြီး ဂျပန်နိုင်ငံ ခရီးစဉ်ပြီးပါက ဂျာမဏီနိုင်ငံသို့ ဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ရွှေည၀ါ ဆရာတော်ရဲ့ ဂျပန်နိုင်ငံခရီးစဉ် အသေးစိပ်ကို သိလိုရင်တော့ ဦးသန်းဝင်း ၀၉၀-၂၄၄၃-၄၀၃၆၊ ဦးမြသိန်း ၀၉၀-၈၆၄၄-၇၀၉၂ တို့ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နေ ဦးထွန်းဝေ က ဧရာဝတီကို ပြောပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved