သမ္မတ ဦးသိန်းစိန်ကို ထောက်ခံ ဆန္ဒပြ

Sunday, June 2, 2013

သမ္မတကြီး ဦးသိန်းစိန်အားထောက်ခံ ဆန္ဒပြခြင်းကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း တွင်ပြုလုပ်ခဲ့ပါတယ်။ 


ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

ဒီကနေ့ နံနက်ပိုင်းက သမ္မတ ဦးသိန်းစိန်ဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားကို အစိုးရ၀န်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စိတ်ဝင်စားသူ နိုင်ငံသားတွေ အပါအ၀င် ပရိသတ် ၁ သောင်းကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းရှည်ကြီးတခု ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။  


အဲဒီ အခမ်းအနား ကျင်းပရာ သုဝဏ္ဏ ဘောလုံးကွင်းမှာ အခုလို သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုထောက်ခံတဲ့ ဆန္ဒပြမှု လုပ်ခဲ့တာပါ။ ဦးဆောင်သူတွေက ဘယ်သူတွေမှန်း မသိရပေမယ့် မရမ်းကုန်းမြို့နယ်က အိမ်ယာမြေ ဖယ်ရှားခံခဲ့သူများဆိုသူတွေ အပါအ၀င် စုစုပေါင်း ၁၀၀ ၀န်းကျင်လောက် ရှိတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။ 

 သမ္မတ ဦးသိန်းစိန်အား ထောက်ခံဆန္ဒပြသူများ 
မျက်မြင်တွေအပြောအရ ဆန္ဒပြသူတွေကို ဒိုင်နာစတဲ့ ကားတွေနဲ့ စုပေါင်း လာရောက်ခဲ့တာဖြစ်ပြီး စနစ် တကျ စီစဉ်ထားတဲ့ ပုံဖြစ်တယ်လို့ မျက်မြင်တွေက ဆိုကြတာပါ။ ထောက်ခံဆန္ဒပြသူတွေကို လာရောက် ပို့ဆောင်တဲ့ ကားအစီးရေ ၁၀ စီး မက ရှိတယ်လို့ လည်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved