စံရတီ မိုးမြင့် ဘာတွေ ပြောထားလဲ ? ( ရုပ်/ သံ)

Wednesday, June 12, 2013

တက်သစ်စ မင်းသမီး စံရတီ မိုးမြင့်ကို ဧရာဝတီသတင်းဌာက တွေ့ဆုံပြီး သူရဲ့လက်ရှိ အနုပညာ လှုပ်ရှားမှု
တွေ၊ ဖက်ရှင် အကြောင်းတွေကို တွေ့ဆုံမေးမြန်း ထားပါတယ်။

သရုပ်ဆောင် စံရတီမိုးမြင့်ကို ရိုက်ကွင်းတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 

ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ် သတိထားမိလာတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်က အရမ်းကြီး 
ဟော့ရှော့ ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူးလို့ ဧရာဝတီကို ဖွင့်ဟ လာပါတယ်။

 “ကျမက အရမ်းကြီး ဟော့ရှော့ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူး၊ ချစ်စရာကောင်းတဲ့ ပုံစံ ၀တ်ရတာကို သဘောကျတယ်။ Sexy ဆိုတာကလည်း အရမ်းဖော်လွန်းတိုင်း Sexy မှမဟုတ်တာ။ မျက်နှာက အစ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို သဘောကျတယ်” လို့ သူ့ရဲ့ ဖက်ရှင်နဲ့ ပတ်သက်လို့ ပြောပါတယ်။

အခုသူနေတာက မြန်မာနိုင်ငံဖြစ်တဲ့အတွက် သူများနိုင်ငံတွေလို ၀တ်ရင်လည်း အဆင်မပြေဘူး၊ ဒါကြောင့် သူနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးပဲ ၀တ်တယ်လို့ စံရတီမိုးမြင့်က ဆိုပါတယ်။

“အရမ်း အတိုအပြတ်တွေ ၀တ်ရတာလည်း ကိုယ်နဲ့ မလိုက်ဘူးလို့ ထင်တယ်၊ လုံးဝ မ၀တ်တာတော့ မဟုတ်ဘူး၊ လိုအပ်တဲ့ နေရာတွေမှာတော့ ၀တ်တယ်၊ Sexy ကျတဲ့ ပုံစံမျိုးကို သဘောလည်း မကျဘူး၊ ၀တ်လည်း မ၀တ်ဘူး” လို့ သူ့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့ ခံယူချက်ကို ဟြေပါတယ်။

အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ မြတ်သူအောင် ရေးသားတင်ပြထားတဲ့ စံရတီမိုးမြင့်က အရမ်းဟော့ရှော့ အဝတ်တွေ မကြိုက်ဘူးတဲ့ (http://burma.irrawaddy.org/archives/41914) ဆိုတာမှာ ဖတ်နိုင်ပါပြီ။


စံရတီမိုးမြင့်က ဧရာဝတီရဲ့ ရုပ်/သံ မေးမြန်းခန်းမှာ ပြောထားတာလည်း သိစေဖို့ တင်ဆက်ထားပါတယ်။

1 comments :

  1. Unknown said... :

    Dear Irrawaddy.

    To be honest, the song quality is pretty bad. I am a all time big fun of Irrawaddy but this really disappoints me.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved