မလေးရောက် မြန်မာတွေကိစ္စ ဦးရဲထွဋ် လေသံပြောင်းပြီ

Sunday, June 2, 2013

မလေးရှားနိုင်ငံမှာ မြန်မာတချို့ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဖေ့စ်ဘုတ်ပေါ်က မိတ်ဆွေတွေကို အသိပေးရေး သားချက် ပြောင်းလဲသွားပါပြီ။






 FB မိတ်ဆွေများခင်ဗျား။ 

ကျွန်တော်လည်း မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် စိတ်ပူ သလို ၊ သတင်းမှားတွေ 
ကြောင့် မြန်မာနိုင်ငံ ထဲမှာ မလိုလားအပ်တဲ့ပြဿနာတွေလည်း ထပ်ဖြစ်မှာ စိုးရိမ်ပါတယ်။ 

တကယ်တော့ မနေ့က တက်လာတဲ့သတင်းများနဲ့ ပတ်သက်ပြီး စာနဲ့ မေး၊ စာနဲ့ ဖြေတဲ့အထိ စောင့်ပြီးမှ ကျွန်တော်ဖြေမယ်ဆိုလည်း ရပါတယ်။ အဲဒိလို စောင့်တဲ့အတွက်လည်း ဘယ်ဌာနက မှ ကျွန်တော့်ကို အပြစ်မတင်ပါဘူး။ ဒါဟာ လုပ်ထုံးလုပ်နည်းအတိုင်းပဲဆောင်ရွက်တာဖြစ်ပါတယ် ။ 

ဒါပေမယ့်လည်း ပြည်သူများကို အသိပေးဖို့ ငါ့မှာ တာဝန်ရှိတယ်၊ ရနိုင်တဲ့အရင်းအမြစ်ကို ဆက်သွယ်ပြီး 
မေးမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်တိုင် မေးမြန်း စုံစမ်းပြီး တင်ပြပေးခဲ့တာပါ။ ဘယ်သူခိုင်းလို့မှ မဟုတ်ပါဘူး။ 

ဒီမနက်လည်း မိတ်ဆွေများ တင်ထားတဲ့သတင်းတွေထပ်တွေ့တာနဲ့ သံရုံးနဲ့ ချက်ခြင်းဆက်သွယ်ပြီး သူ့ဘက်က အဖြေကို ထပ်အသိပေးခဲ့တာပါ။ သံရုံးကိုလည်း ထပ်အတည်ပြုခိုင်းထားပါတယ်။ 

ကျွန်တော့်ဘက်က ဒီလောက်ပဲ လုပ်ပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်။ ကျွန်တော့်မှာ သတင်း ထိန်ချန်လိုခြင်း၊ သတင်းမှားတင်ခြင်းဆိုတဲ့ စိတ်လုံးဝမရှိပါဘူး။ ဒါ့ကြောင့်လည်း အပင်ပန်း ခံပြီး သိသမျှ သတင်းများကို ချက်ခြင်းမျှဝေပေးနေတာဖြစ်ပါတယ်။ 

အဲဒီလို ချက်ခြင်းတင်နိုင် အောင်၊ မေးသမျှ ဖြေပေးနိုင်အောင် လုပ်တဲ့အတွက် ကျွန်တော့မှာ စွန့်စားမှု Risk တွေအများကြီးရှိတယ်ဆိုတာနားလည်ပါတယ်။ ဆယ်ခါမှန်နေရင် ဘာမှမဖြစ်ပေမယ့် တစ်ခါ မှားရင် အများကြီးပြောခံရမယ်ဆိုတာသိပါတယ်။ 

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ ပြည်သူကြား မှာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ရှိနေရင် နှစ်ဘက် လုံးအတွက် အကျိုးရှိမယ်ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်နေခြင်းမျှသာဖြစ်ပါတယ်။ 

ကျွန်တော့်သတင်းအချက်အလက်တွေမှားရင် ဝေဖန်ထောက်ပြနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့ စေတနာ အပေါ်ကိုတော့ သံသယမရှိစေချင်ပါဘူး။ 

အခု မလေးရှားကိစ္စလည်း ထပ်ပြီး အတည်ပြုနိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်းတင်ပြအပ်ပါ တယ်။ နောက်ထပ်ရတဲ့ အချက် အလက်အသစ်များရှိပါကလည်း တင်ပေးပါ့မယ်။ 

သံရုံးနဲ့ ပတ်သက်တဲ့ မလေးရှားရောက်ပြည်သူများရဲ့ မှတ်ချက်များကိုလည်း သက်ဆိုင်ရာကို ပြလိုက် ပါ့မယ်။ 

အားလုံး ကိုကျေးဇူးတင်ပါတယ်။ 

မြန်မာနိုင်ငံသား အသတ်ခံရတာ၊ အလောင်းတွေ့တာတွေနဲ့ ပတ်သက်ပြီး မလေးရှား သတင်း မီဒီယာတွေနဲ့ အခြား သတင်းမီဒီယာတွေက ဖော်ပြသွားတာတွေလည်း ရှိတယ်ဆိုတာ ဖေ့စ်ဘုတ်ပေါ်မှာထောက်ပြနေ ကြပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သိန်းကနေ ၃ သိန်းလောက်ထိ နေထိုင် အလုပ်လုပ်နေကြတာပါ။ 

အခုလို မလေးရှားနိုင်ငံမှာ မြန်မာတွေအတွက် စိုးရိမ်ဖွယ် အသတ်ခံနေရချိန်မှာဆိုပြီး မလေးရှားရှိ မြန်မာ သံရုံး က မသိရကောင်းလားဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာလည်း အတော်ပဲ ဝေဖန်ထောက်ပြနေကြပါတယ်။ 

တဆက်တည်း သတင်းတပုဒ်မှာ မြန်မာပြည်က နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတဦး သေဆုံးမှု သတင်းလည်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ရလို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ခရစ်စမတ်ကျွန်းမှာ စနေနေ့က သတ်ဖြတ်ခံရသူ အသက် ၅၂ နှစ်ရှိ မြန်မာနိုင်ငံသား တဦး ဟာ နိုင်ငံရေး ခိုလှုံ ခွင့် လျှောက်ထား သူဖြစ်တယ်လို့ AAP သတင်းတပုဒ်က ဆိုပါတယ်။ 
သတင်းမူရင်းပါ။ 

A man from Myanmar has died hours after arriving on Christmas Island as an asylum seeker.
An asylum seeker from Myanmar (Burma) has died hours after arriving on Christmas Island.
The Department of Immigration and Citizenship (DIAC) says the 52-year-old was an "irregular maritime arrival" on Christmas Island on Saturday.
A few hours after landing he was transferred from the processing area to the local hospital where he later died.
The DIAC said on Saturday evening early indications were that the death was not suspicious.
A spokesman said the incident had been referred for investigation.
"The department expresses its sympathy to the man's family," he said.
"The matter has been referred to the relevant agency and DIAC will co-operate with any resulting investigation."

 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved