သမီးရှင်၊ သားရှင်တွေ ဒါမျိုး စဉ်းစားဖူးလား

Sunday, June 2, 2013

ဇွန်လ ၁ ရက်နေ့ သတင်းစာမှာ စေ့စပ်ကြောင်း ကြော်ညာတခုက ထူးထူးခြားခြား တွေ့လိုက်ရတာပါ။ တနေ့တည်း မောင်နှမ ၂ ယောက်ရဲ့ တနေတည်း တနေရာတည်းမှာ စေ့စပ်ကြောင်းလမ်းပွဲ လုပ်ခဲ့တာပါ။ 


အဲဒီကြော်ငြာပါ စေ့စပ်ကြောင်းလမ်းပွဲကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ လူကြီးစုံရာနဲ့ ကျင်းပသွားခဲ့တာပါ။ 

စုံတွဲ ၂ ဦးရဲ့ စေ့စပ်ကြောင်းလမ်းကြော်ငြာမှာ သား ရှင်နဲ့ သမီးရှင် အတူတူဖြစ်နေတာ သတိထားမိကြမှာပါ။ 

မင်္ဂလာပွဲကိုလည်း ဒီလိုပဲ ကျင်းပသွားမှာလားဆိုတာတော့ မသိနိုင်သေးပါဘူး။ ဒီလို စဉ်းစားမိပြီး မောင် နှမ ၂ ဦးတို့ရဲ့ စေ့စပ်ပွဲတွေကို တပြိုင်တည်း လုပ်တာတော့ ထူးခြားမှု တခုအဖြစ်တွေ့ရလို့ ပြန်လည် မျှဝေပေးလိုက်တာပါ။

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved