၇၈၆ သင်္ကေတ

Wednesday, June 12, 2013

 အစ္စလာမ်/မွတ်စလင်မ်များအပေါ် အထင်အမြင်လွဲမှားမှုများနှင့် ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတခု ဒီမနက်  ရန်ကုန်မြို့မှာ လုပ်ခဲ့ပါတယ်။

(ရှင်းလင်းပွဲနဲ့ဆက်စပ်တဲ့သတင်းကို ညိမ်းပြည့်စုံရဲ့ ဗလီများကို ဝင်ရောက် လေ့လာနိုင်ပြီ http://burma.irrawaddy.org/archives/42039 သတင်းမှာ ဖတ်နိုင်ပါပြီ)

သတင်းစာရှင်းလင်းပွဲမှာ ဖြန့်ဝေတဲ့ စာရွက်စာတမ်းများထဲက တခုမှာတော့ ၇၈၆ သင်္ကေတအကြောင်း ပါဝင်ပါတယ်။

၇၈၆ ဆိုတာ အိန္ဒိယမှာ ထွင်ခဲ့တယ်၊ သို့သော်လည်း ထွင်ခဲ့တဲ့နိုင်ငံမှာ ဒါကို မသုံးကြတော့ဘူးလို့ ဆိုတယ်၊ မြန်မာပြည်မှာ သုံးနေကြတာကတော့ လာဘ်ရွှင်ဖို့၊ မွတ်စလင်မ်တွေ စားသုံးခွင့်ရှိတာတွေ ရောင်းတဲ့ဆိုင်ကို အလွယ်တကူသိဖို့ အတွက်လို့ ဆိုပါတယ်။

တသီးတသန့် အုပ်စုဖွဲ့ဖို့ မဟုတ်ပါ တဲ့။

၂၁ ရာစုမှာ အစ္စလာမ်ဘာသာ ကမ္ဘာလွှမ်းမိုးရမည်ဆိုတဲ့ ဖွင့်ဆိုချက်ကလည်း အခြေအမြစ် မရှိပါလို့ ဆိုပါတယ်။


၇၈၆ သင်္ကေတအကြောင်း ရှင်းထားတဲ့ စာမျက်နှာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။



 ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved