မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ အသိပေး ကြေညာတာကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေနဲ့ ဗဟိုဘဏ် ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ တွေက ဖော်ပြထားပါတယ်။
နိုင်ငံခြားငွေလက်မှတ် (Foreign Exchange Certificate-FEC)
လက်ဝယ်ရှိသူများနှင့် ပိုင်ဆိုင်သူများ သတ်မှတ်ကာလအတွင်း
အပ်နှံ/လဲလှယ်ကြရန် ထပ်မံအသိပေးကြေညာခြင်း
၁။ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ တိုးတက်ပြောင်းလဲဖြစ်ပေါ်လျက် ရှိပြီး၊ နိုင်ငံခြားငွေဈေးကွက် စနစ်တကျတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိသည့် အစီအမံ များ အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်၊
ဧပြီလ(၁) ရက်နေ့မှစတင် ကာ နိုင်ငံခြားငွေ လက်မှတ်များ (Foreign Exchange
Certificate-FEC) များကို စနစ်တကျ ပြန်လည်ရွေးနုတ်လျက် ရှိပါသည်။
၂။ နိုင်ငံခြားငွေလက်မှတ်များ ပြန်လည်ရွေးနုတ်ယူသည့် အစီအစဉ်ကို
၂၁-၃-၂၀၁၃ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြေငြာချက်အမှတ်
(၁/၂၀၁၃)ထုတ်ပြန်ပြီး အများပြည်သူသို့ ရုပ်/သံနှင့် ပုံနှိပ်မီဒီယာများ
မှတဆင့် အသိပေးကြေငြာခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တွင်
ဖော်ပြကြေငြာခြင်း၊ ၃၁-၃-၂၀၁၃ ရက်နေ့တွင် နိုင်ငံခြားငွေလက်မှတ် ပြန်လည်ရွေးနုတ်ယူခြင်း ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်သည့် ဘဏ်၊ ဘဏ်ခွဲများ ငွေလဲကောင်တာများ
စုစုပေါင်း(၃၈၅)နေရာ၏ စာရင်းနှင့် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို
ဖော်ပြပါမီဒီယာများနှင့်Website
တွင် ဖော်ပြ
ကြေငြာခြင်း စသည့်လုပ်ငန်းစဉ်များဖြင့် နိုင်ငံခြားငွေလက်မှတ်
လက်ဝယ်ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက်
အသေးစိတ်စီစဉ် အကောင်အထည်ဖော်ခဲ့ပါသည်။
၃။ နိုင်ငံခြားငွေလက်မှတ်
ပြန်လည်ရွေးနုတ်ယူခြင်းကို ကနဦးသတ်မှတ် ကာလဖြစ်သည့် ၁-၄-၂၀၁၃ ရက်နေ့မှ
၃၀-၆-၂၀၁၃ ရက်နေ့အထိ ကာလအတွင်း သက်ဆိုင်ရာ ဘဏ်၊ ဘဏ်ခွဲ၊
ငွေလဲကောင်တာများ တွင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်
ကနဦးသတ်မှတ်ကာလ မကုန်ဆုံးမှီ လာရောက်ဆောင်ရွက်ပါရန်နှင့်
ကနဦးသတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အပ်နှံ/ လဲလှယ်ခြင်း
မဆောင်ရွက်နိုင်သူများ သည် ကနဦး သတ်မှတ်ကာလအတွင်း
မဆောင်ရွက်နိုင်ခြင်းအတွက် ခိုင်လုံသောအကြောင်းပြ ချက်
ဖြင့်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်
ရရှိသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များတွင် (၁-၇-၂၀၁၃)
ရက်နေ့မှ (၃၁-၃-၂၀၁၄) ရက်နေ့ အထိ နိုင်ငံခြားငွေလက်မှတ်များ
အပ်နှံ/လဲလှယ်ရန်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။
0 comments :
Post a Comment