မြန်မာပြည်ရောက်နေတဲ့ Ford က သူ့ရဲ့ ပစ္စည်းတင် အိမ်သုံးကားကို စာနယ်ဇင်းတချို့မှာ ကြော်ငြာနေပါတယ်။
နေရာမရွေး၊ ကုန်မရွေးတဲ့ဒီကားကို ကြမ်းခင်းဈေး သိန်း ၂၂ဝ လို့ ကြော်ငြာနေတာပါ။
Standard
ပစ္စည်းတင်ကား ၄ မျိုးကို သူတို့ရဲ့ မြန်မာပရိသတ်အတွက်အွန်လိုင်းမှာ ဖော်ပြထားရာမှာ အခု အပေါ်မှာ တွေ့ရတာကတော့ Standard အမျိုးအစား ဖြစ်ပါတယ်။
သိန်း ၂၂ဝ ဆိုတာ အဲဒါပါပဲ။
ပြီးတော့ XL, XLT, Wildtrack ဆိုတဲ့ ဆင်တူယိုးမှား ၃ မျိုး ရှိပါသေးတယ်။ အဲဒါတွေကိုတော့ ဈေးနှုန်း မသိရပါ။
သိန်း ၂၂ဝ ထက် ပိုမယ်လို့ ယူဆပါတယ်။
ဒီကားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်များကို
www.ford-myanmar.com/pickups/all-new-ranger/specifications/#!specifications-options မှာ အင်္ဂလိပ်ဘာသာနဲ့ တပုံတပင် တွေ့ရမှာပါ။
ကြော်ငြာမှာ ရေးထားတဲ့ သိန်း ၂၂ဝ ဆိုတာ ခေါ်ဈေး ညှိနှိုင်းဈေး ဟုတ်ဟန် မတူ၊ အလျှော့အတင်း လုပ်မယ့်ဟန် မတူပါ။ ရောင်းဈေးကို ပြောထားပုံပါပဲ။
၂၂ဝ ကုန်ပြီးရင် အခွန်/လိုင်စင်လုပ်ဖို့ ဘယ်လောက် ထပ်ကုန်မယ်မှန်း မသိရပါ။
Ford က မြန်မာပြည်ဈေးကွက်အတွင်း ကားသစ်တွေသွင်းဖို့ ၀င်လာတဲ့ နိုင်ငံခြားကားကုမ္ပဏီများထဲမှာ ပထမဆုံး ဖြစ်ပါတယ်။
မိတ်အင်ဂျပန်တွေနဲ့ပိုမိုအသားကျတဲ့ မြန်မာပြည်မှာ အမေရိကန်ကားသစ်ကို ဝယ်မောင်းမယ့်သူက အကန့်အသတ်နဲ့ပဲ ရှိမယ်လို့ ယူဆစရာပါပဲ။
သို့သော်လည်း တခြားတဘက်က ဆင်ခြင်ကြည့်ရင် ကားသစ် ဝယ်လိုသူ၊ အမေရိကန်တံဆိပ်ကို အားပေးချင်သူတွေ၊ ငွေသုံးနိုင်သူတွေကတော့ အကန့်အသတ်မရှိတာ တွေ့ရမှာဖြစ်ပါတယ်။
XL
XLT
စာနယ်ဇင်းများမှာ အထက်ပါအတိုင်း ကြော်ငြာနေပါပြီ။
ဒီဘလော့မှာတော့ ကြော်ငြာခ မရဘဲ အခမဲ့ညွှန်းပေးနေတာပါ။
လယ်ယာလုပ်ငန်းခွင်မှာ သိန်းနှစ်ရာကျော်တန်ကားနဲ့ လန်းနေတဲ့ပုံ ဖြစ်ပါတယ်။
Wildtrack
ဆက်စပ်
Ford is First to Enter Burma’s Growing, Volatile Car Market
http://www.irrawaddy.org/archives/33384
ဖို့ဒ် ကားကုမ္ပဏီ မြန်မာပြည်တွင် အရောင်းပြခန်း ဖွင့်မည်
http://burma.irrawaddy.org/archives/34800
.
0 comments :
Post a Comment