သမ္မတ ဦးသိန်းစိန်နဲ့ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ရွက်ဆစ် တွေ့ဆုံ

Monday, June 10, 2013

သမ္မတ ဦးသိန်းစိန်ဟာ ရှမ်းပြည်တပ်မတော် RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ရွက်ဆစ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံကြပါတယ်။ 

ဓာတ်ပုံ- ဦးရဲထွဋ် ဖေ့စ်ဘုတ်

အဲဒီလိုတွေ့ဆုံကြရမှာ ထူးခြားမှု တခုအနေနဲ့တွေ့ရတာက ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော် တဆူကို သမ္မတနဲ့ ဗိုလ်ချုပ် ရွက်ဆစ် တို့ကြားမှာ တွေ့ရတာပါ။ 

ဗိုလ်ချုပ် ရွက်ဆစ်က သမ္မတဦးသိန်းစိန်ကို အဆိုပါ ဆင်းတုတော်နဲ့ ရှမ်းရိုးရာ ၀တ်စုံတခု လက်ဆောင် အဖြစ် ပေးအပ်ခဲ့တယ်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ 

RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ရွက်ဆစ်နဲ့ အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ အပါ အ၀င် ဒေသ ဖွံ့ဖြိုး ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးဖို့ နေပြည်တော် ကို ယမန်နေ့က ညနေ ၅ နာရီကျော်က ရောက်လာခဲ့ တာပါ။ 

နေပြည်တော်လေဆိပ်ကို ရောက်လာတဲ့ ဗိုလ်ချုပ်ရွက်ဆစ်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က သွားရောက်ကြိုဆိုခဲ့တာလည်းဖြစ်ပါတယ်။ 








အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved