ဟောင်ကောင်မင်းသမီး မေရီယန်း မုံရွာမှာ AIDS ပညာပေး ရုပ်ရှင်လာရိုက်

Sunday, July 7, 2013

ဟောင်ကောင် မင်းသမီး မေရီယန်းနဲ့ သရုပ်ဆောင်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကျန်းမာရေး အသိပညာပေး ရုပ်ရှင် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- ကြေးမုံသတင်းစာ

ကိုယ်ဝန်ဆောင်မိခင်တွေ AIDS ရောဂါ မကူးစက်စေရေး၊ မိခင်နဲ့ ကလေး ကျန်းမာရေး ပြည့်ဝစေရေး အတွက် မြန်မာ ကျန်း မာရေး ၀န်ကြီးဌာနနဲ့ ကုလသမဂ္ဂရဲ့ UNICEF ယူနီဆက် တို့ ပူးပေါင်းပြီး ပညာပေး
ရေး ဇာတ်လမ်းအတွက် စစ်ကိုင်းတိုင်း မုံရွာ၊ မုံရွှေး- ကြေးမုံရွာတွေမှာ ကမ္ဘာကျော် ဟောင်ကောင် မင်းသမီး မေရီယန်းနဲ့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေပါ ဆေးရုံတွေ၊ နေအိမ်တွေနဲ့ ရပ်ကွက် 
ကျေးရွာတွေမှာပါ ယခု ဇူလိုင်လ ၁ ရက်၊ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ရုပ်ရှင် ရိုက်ကူးတာဖြစ်တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ရိုက်ကွင်းမှာ ကျေးလက်အလှ၊ ကျေးလက်ဘ၀တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

အဆိုပါ ရုပ်ရှင်ရိုက်ကူးပြီးစီးသွားပြီး ရရှိတဲ့ ငွေကြေးအားလုံးကို ကိုယ်ဝန်ဆောင်မိခင်တွေ AIDS မကူး စက်ရေး လုပ်ဆောင် တဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved