အဖြစ်ကတော့ နောင်ချိုမြို့နယ်မှာ ဆရာစံဟာ ဒေသခံ တောင်သူလယ်သမားတွေနဲ့ နယ်ချဲ့ အင်္ဂလိပ် ကို တော်လှန် ခဲ့တာ အတွက် ဂုဏ်ပြုတဲ့အနေနဲ့ နောင်ချို၊ ဘူတာရပ်ကွက်ရှိ၊ မြနန္ဒာ ပန်းခြံဝင်းအတွင်းမှာ သမိုင်းဝင်ဆရာစံ ရုပ်ထု ကို တိုင်းရင်းသားတွေခြံရံပြီး အထိမ်းအမှတ် အဖြစ် န၀တ ခေတ်က တည်ထားခဲ့ တာ ယနေ့တိုင်ပါပဲတဲ့။
ဒါပေမယ့် အဲဒီ ဆရာစံ ရုပ်ထုမှာ လက်တွင်းမှာ ကိုင်ဆောင်ထားတဲ့ ဓားရှည်ကြီးဟာ ပျောက်ဆုံးနေတယ် လို့ ယနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
သမိုင်းထဲက ဆရာစံဟာ ဒီဓားနဲ့ပဲ တော်လှန်ရေးလုပ်ခဲ့ရတာပါ။ တချိန်က ဆရာစံဟာ ငွေစက္ကူ ၉၀ ကျပ်တန်ပေါ်မှာ ရှိခဲ့ပါသေးတယ်။ အခု အဲဒီ ဆရာစံ ငွေစက္ကူတွေလည်း လူမြင်ကွင်းမှာ မတွေ့ရသလောက် ပါဘဲ။
ယနေ့ထုတ် ကြေးမုံသတင်းစာ ဖြတ်ပိုင်း
အိမ့်သံစဉ် ~
0 comments :
Post a Comment