ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်ရဲ့ နောက်ဆုံး ခရီး

Wednesday, July 17, 2013

မြန်မာနိုင်ငံက ဘိန်းဘုရင်ဟောင်းအဖြစ်နာမည်ကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်သူ လောစစ်ဟန် ရဲ့ နောက်ဆုံးခရီး ဈာပနမြင်ကွင်းတချို့ပါ။ 



ဦးလော်စစ်ဟန်ရဲ့ ရုပ်ကလပ်ကို တာမွေမြို့နယ်၊ မွန်မြတ်မေတ္တာအိမ်ရာ၊ ပင်ရွှေညောင်လမ်း၊ အမှတ် F 1 က နေအိမ်မှာ ၁၀ ရက်ကြာ ထားခဲ့ပြီး ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်က ယူနန်သုဿန်မှာ ဈာပန အခမ်းအနား ကျင်းပတာဖြစ်ပါတယ်။ 

 နှစ်ပေါင်း ၄၀ လောက်  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းတွေထဲ ကျင်လည်ခဲ့တယ်ဆိုတဲ့ အသက် ၈၀ အရွယ် ကိုးကန့် စော်ဘွာရဲ့ ကာကွယ်ရေး တပ်မှူးတဦးလည်းဖြစ်ခဲ့သူ  လော်စစ်ဟန်ဟာ ဇူလိုင်လ ၆ ရက်နေ့ ညက ရန်ကုန်မြို့နေအိမ် မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

ကွယ်လွန်ချိန်မှာတော့ သူတည်ထောင်ခဲ့တဲ့ အေးရှားဝေါလ် Asia World ကုမ္ပဏီလုပ်ငန်းစုကြီးကို တာဝန် ယူနေတဲ့ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (ခေါ် ) စတီဗင်လော အပါအ၀င် သားသမီး ၈ ဦး မြေး ၁၆ ဦး ကျန်ရစ် ခဲ့ပါတယ်။ 













ဆက်စပ်သတင်းများ

ကွယ်လွန်သူ လော်စစ်ဟန် အကြောင်းတစေ့တစောင်း

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved