သမ္မတ ကတိစကားနဲ့ နိုင်/ကျဉ်းတချို့ စလွှတ်

Tuesday, July 23, 2013

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဥရောပ ၂ နိုင်ငံ ခရီးစဉ်အတွင်းမှာ ဒီနှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသားဆို တာ မြန်မာပြည်မှာ ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ကမ္ဘာသိ ကတိပေးပြောခဲ့ပြီး ဒီကနေ့မှာတော့  နိုင်ငံရေး အကျဉ်းသား တချို့ကို အကျဉ်းထောင်တွေက ပြန်လွှတ်ပေးနေပါတယ်။ 


အင်းစိန်ထောင်က ယနေ့ ပြန်လွတ်လာတဲ့ နိုင်/ကျဉ်း တချို့၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

ဒီကနေ့ လွတ်လာမယ့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၇၀ လောက် လွတ်ဖို့ ရှိတယ်လို့ သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဆိုထားပါတယ်။ 

ပြန်လွတ်လာသူတွေထဲမှာ ကချင်ပြည်နယ်က ဦးဘရန်ရှောင်လည်းပါဝင်ပြီး သူ့ကိုတော့ သမ္မတ ရုံးဝန်ကြီး တပါးဖြစ်တဲ့ ဦးအောင်မင်းက သူ့မိသားစုဆီကိုယ်တိုင် သွားပို့နေတယ်လို့ ဆိုပါတယ်။ 

နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေသူတွေအဆိုအရ မြန်မာတနိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် ကျန်ရှိနေသေးတယ်လို့ မကြာသေးခင်က ပြောဆိုနေကြပြီး ယနေ့ထက်တိုင်း နိုင်ငံရေးအရ ဖမ်းဆီးမှုတွေကို အစိုးရက လုပ်နေဆဲဖြစ်ပြီး အထူးသဖြင့် ပုဒ်မ ၁၈ ၊ ၅၀၅ စတဲ့ ပုဒ်မတွေနဲ့ မတရားဖမ်းဆီး
နေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ နန်းဆိုင်နွမ် ရေးသားထားတဲ့ သမ္မတ ကတိအတိုင်း နိုင်/ကျဉ်းများကို စလွှတ်ပေးပြီ (http://burma.irrawaddy.org/archives/44830) ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖတ်နိုင်ပါပြီ။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved