မြန်မာ့ပထမဆုံး ကောင်းကင်ရထား စီမံကိန်း စတင်မယ်

Sunday, July 28, 2013

မြန်မာနိုင်ငံမှာ ပထမဆုံး ကောင်းကင်ရထား( Cable Car) ပြေးဆွဲဖို့ စီမံကိန်းကို  စတင်ရေးဆွဲနေပါပြီ။
ကောင်းကင်ရထား စီမံကိန်းကို ကရင်ပြည်နယ်၊ ဇွဲကပင်တောင်က ဆံတော်ရှင် ဘုရားကို အလွယ်တကူ တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်တဲ့။ 

 မလေးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားတဲ့နေရာတခုက ကောင်းကင်ရထား၊ 
ဓာတ်ပုံ- interestingplace1.blogspot.com

လာမယ့် ၂ လမှာ စီမံကိန်းကို စတင်မှာဖြစ်ပြီး တည်ဆောက်မှုကာလ ၁ နှစ်ကြာမယ်လို့ ဦးဆောင်လုပ်ကိုင် တဲ့ မလေးရှား ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသက မြန်မာ့အလင်းသတင်းစာကို ပြောထားပါတယ်။ 

ဇွဲကပင်တောင် ဂေါပကအဖွဲ့ရဲ့ အဓိက စိုက်ထုတ်ငွေတွေနဲ့ စီမံကိန်းကို လုပ်ဆောင်မှာဖြစ်ပြီး အစိုးရတွေ အပိုင်းကလည်း အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကောင်းကင်တောင်တက် ရထား စီမံကိန်းကို မလေးရှား ပညာရှင်တွေနဲ့ Alan Lakawi Company က တည်ဆောက်မှာဖြစ် ပြီး ကုန်ကျ စရိတ် အမေရိကန် ဒေါ်လ ၂၂ သန်းကျော်ကုန်ကျမယ်လို့ ခန့်မှန်းထား တယ်လို့ ဆိုပါတယ်။ 

စီမံကိန်းအတွက် မြန်မာအလုပ်သမားတွေကိုပဲ အဓိက အသုံးပြုမှာဖြစ်ပြီး မလေးရှား ပညာရှင်တွေအနေနဲ့ ကြီးကြပ်တဲ့ အပိုင်း လောက်ပဲ တာဝန်ယူလုပ်ကိုင်မှာဖြစ်တယ်လို့ ပီနန်ဆရာတော်ကြီးက မိန့်ထားပါတယ်။ 

စီမံကိန်းတည်ဆောက်ပြီးစီးသွားပြီဆိုရင် အရင်က ဇွဲကပင်တောင်ပေါ်က ဆံတော်ရှင် ဘုရားပေါ်ရောက် ဖို့ ပေ ၂ ထောင်၊ ၃ ထောင်လောက် ခြေလျင်တက်ရတဲ့ အနည်းဆုံး ၂ နာရီကျော် ၃ နာရီ ခရီးက အချိန်တို အတွင်း တောင်ပေါ်ကို ကောင်းကင် ရထားနဲ့ ရောက်ကြရတော့မှာပါ။ 

ဒီစီမံကိန်းကြောင့် ဘုရားဖူးဧည့်သည်တွေအတွက် သက်တောင့်သက်သာ ဖြစ်ရုံသာမက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအ တွက်လည်း အများကြီး အထောက်အကူဖြစ်မှာပါ။ ဒီအပြင် အခြားသော ဆက်စပ် စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အထောက်အကူဖြစ်လာမှာပါ။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved