ဓာတ်ပုံ- ၀ီကီပီဒီယား
အဲဒီအထဲမှာ “ခရီးသွား ပြည်သူ လက်တွဲကူ ဝေဟင်ပျံဝဲ လေကြောင်းရဲ" ဆိုတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊
လေကြောင်း ရဲ တပ်ဖွဲ့ ဆောင်ရွက်ချက်တွေကို အပိုင်းလိုက် ပြသနေတာလည်းဖြစ်ပါတယ်။
တချိန်ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ မြေပြင်ပေါ်မှာပဲ ရဲစခန်းတွေ ထားရှိခဲ့ရာက အခုလို ဝေဟင်ထိ တိုးတက်လာ ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရိုက်ကူးတင်ပြချက်တွေကို ကြည့်နေကြတဲ့ ပရိသတ်တွေက ရယ်စရာအဖြစ်နဲ့ ဝေဖန်ပြောဆိုနေတာတွေလည်း ရှိပါတယ်။
“ပြည်သူ့ ရဲတွေလည်း အခုတော့ မြေပြင်မှာသာမက ဝေဟင် ပေါ်မှာလည်း ကူညီပါရစေလို့” ဆောင်ပုဒ်ကို တိုးချဲ့တပ် သင့်တယ်လို့ ဆိုနေကြပါတယ်။
တချို့ကလည်း လေကြောင်း ရဲ တပ်ဖွဲ့အနေနဲ့ ရဟတ်ယာဉ်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ပါ အသုံးပြုပြီး
ဝေဟင်မှာဖြစ်ပေါ်တတ်တဲ့ မူခင်းတွေကိုပါ ကူညီနိုင်အောင် အဆင့်မြှင့်တင် သင့်တယ်လို့လည်း ပြောဆိုနေ တာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လေကြောင်းပညာဆိုင်ရာ သင်တန်းကျောင်း အခုထိ သီးခြားမရှိသေးတာမို့ အခု လေ ကြောင်း ရဲတပ်ဖွဲ့ဆိုတာ တပ်မတော် ( လေ ) က တပ်မတော်သား အသွင်ပြောင်းတွေ ဖြစ်မယ် လို့ ထင်ကြေးပေးနေ တာတွေလည်း ပါဝင်ပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment