ရန်ကုန်တက္ကသိုလ်ဟာ လူ့ မလိုင်လွှာတွေ အတွက်လား

Thursday, July 11, 2013


မြန်မာသမိုင်းမှာ အထင်ကရလည်း ဖြစ် မြန်မာ့ပညာရေး ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးကို ပြန်လည် ဖွင့်လှစ်ပြီး ကျောင်းသား ၃၀၀ ကို ကန့်သတ်ကာ ၀င်ခွင့်ပေးတော့ မှာ
ဖြစ်ပါတယ်။ 


လာမယ့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ၁၇ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ၀ိဇ္ဇာ-သိပ္ပံ ဘာသာရပ်ဆိုင်ရာ စာသင် တန်းတွေကို “အထူး ပြုစုပျိုးထောင်ရေး ထူးချွန်ကျောင်းသား မွေးထုတ်ရေး” အစီအစဉ်အရ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အထူးပြု ဘာသာရပ် ၂၀ အတွက် ဘာသာရပ်တခုစီက ကျောင်းသား ၁၅ ဦးစီ သတ်မှတ်ပြီး စုစု
ပေါင်း ကျောင်းသား ၃၀၀ ကို ရန်ကုန်တက္ကသိုလ်တွင် အထူး ပညာသင်ယူခွင့် ပေးမှာဖြစ်ပါတယ်။

အစီအစဉ်အရ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ရွေးချယ်မည့် အရည်အချင်းဆိုင်ရာ အမှတ်စာရင်းတွေ ကိုလည်း သတ်မှတ် ကြေညာပါတယ်။ 

အဆိုပါ အရည်အချင်း သတ်မှတ်ချက်များကို အောက်ဖော်ပြပါ ပုံတွင် ကြည့်နိုင်ပါတယ်။ 

အထူးပြု ဘာသာရပ် တက်ရောက်သင်ကြားကြမယ့် ကျောင်းသားချင်း အတူတူ ရန်ကုန်တက္ကသိုလ်မှာ သင်ခွင့်ရဖို့အတွက် သီးခြား အဆင့်မြှင့် သတ်မှတ်သလို ဖြစ်နေပါတယ်။ 

အခုလို လုပ်ဆောင်နေပုံက ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ကိစ္စဟာ သီးသန့် အထူး ရွေးချယ်ခံ ရတဲ့ ပုံစံ လည်းဖြစ်နေပြီး နိုင်ငံတကာ ပညာရေးလွတ်လပ်ခွင့် စံချိန်စံညွှန်းများနဲ့လည်း မညီဘူးလို့ ထောက်
ပြနေတာတွေ ပေါ်ထွက်လာနေပါတယ်။ 

ရန်ကုန် တက္ကသိုလ် ပြန်လည် အသက်ဝင်လာတာကို ကြိုဆိုကြပေမယ့် ဝေဖန်မှုတွေက ကန့်သတ်တဲ့အပေါ် ထောက်ပြကြတာပါ။

“အခုဟာက ရန်ကုန်တက္ကသိုလ် တက်ခွင့်ရတဲ့ သူက အထူး သီးသန့် ပုံစံ၊ အခွင့်ထူး ရတဲ့ ပုံစံဖြစ်နေတယ်။ မျှတမှု မရှိဘူးလို့ ဆရာက ယူဆတယ်” ဟု ရန်ကုန် တက္ကသိုလ် ပါမောက္ခဟောင်း တဦးက မှတ်ချက်ပေးပါတယ်။ 

ပညာတော်သူကို တော်သလို ချီးမြှောက်တာဟာ ကောင်းတဲ့ လုပ်ဆောင်မှုလို့ ပြောလို့ရပေမယ့် ခွဲခြားတဲ့သဘော မဖြစ်ဖို့လည်း လိုအပ်တယ်လို့ အဆိုပါ ဆရာကြီးက ပြောပါတယ်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေး ကဏ္ဍသည် လူတိုင်းအတွက်ပညာရေးသာဖြစ်သင့်ပြီး လူ့မလိုင်လွှာ အထက်တန်းလွှာတွေအတွက် သီးခြား မဖြစ်သင့်ဘူးလို့ နေပြည်တော်မှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အဆင့်မြင့် ပညာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။ 


အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း


ရန်ကုန် တက္ကသိုလ်နဲ့ တက္ကသိုလ်များ အားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတော့မယ်

.

1 comments :

  1. Unknown said... :

    Why not do for everyone who is willing to learn and want to be educated..
    Myanmar education can support only 300 students??

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved