နန်းခင်ဇေယျာ မြန်မာပြည်မှာ ဘီကီနီဝတ်မည်မဟုတ်

Wednesday, July 3, 2013


နန်းခင်ဇေယျာကို Miss International 2012 နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ ဘီကီနီ တွေ့ခဲ့ရပါတယ်။ အဲဒါဟာ ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်စဉ် အဲဒီပြိုင်ပွဲရဲ့ သတ်မှတ်ချက်တွေအရ ဝတ်ခဲ့ရတာဖြစ်တယ်လို့ နန်းခင်ဇေယျာက ဆိုပါတယ်။
ဘီကီနီနဲ့ ဓာတ်ပုံ အရိုက်ခံစဉ်မှာ "ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရတယ်" လို့
နန်းခင်ဇေယျာက ပြန်ပြောပြပါတယ်။

ဒါကြောင့် ဘီကီနီကို မြန်မာပြည်မှာ ဆိုရင်
ဘယ်တော့မှလည်း ၀တ်မှာမဟုတ်သလို ၀တ်ပြီးတော့လည်း ဓာတ်ပုံ အရိုက်ခံမှာ မဟုတ်ဘူးလို့ အလှမယ် 
နန်းခင်ဇေယျာက ဆိုပါတယ်။

နန်းခင်ဇေယျာက   ကိုးရီးယား ဖက်ရှင်နဲ့ Hot ဖြစ်တဲ့ ဖက်ရှင် ပုံစံတွေကို ကြိုက်ပေမယ့် သူနဲ့ လိုက်ဖက်မယ် မထင်ဘူး လို့လည်း ဆိုပါတယ်။

ဧရာဝတီနဲ့ မကြာသေးခင် တွေ့ဆုံစဉ်မှာ ပြောပြခဲ့တာပါ။

အင်တာဗျူး အပြည့်အစုံကို  ဧရာဝတီ မြန်မာပိုင်း ပင်မစာမျက်နှာ http://burma.irrawaddy.org/archives/43565 မှာ ဖတ်ရှုနိုင်ပါပြီ။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved