မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ် ၂၄ လမ်းx ၈၄ လမ်းထောင့်၊ အကွက်အမှတ် ၅၉၀၊ ဦးပိုင်အမှတ် ( ၄၆/က- ၁ နှင့် ၄၆/က-၂ ) မြေကွက်နှင့် အဆိုပါ မြေကွက်ပေါ်ရှိ အဆောက်အဦတို့ကို ဘုရားအမ၊ ကျောင်း အမကြီး ဒေါ်နှင်းမေက စာချုပ်အမှတ် ( ၂၀၇၉/ ၂၀၀၂ ) ဖြင့် ဆုတောင်းပြည့် ဘုရားအား လှူဒါန်းခဲ့ပါ တယ်။
အဆိုပါ လှူဒါန်းမှု မပြုခင် အရောင်းအ၀ယ် ပြုလုပ်ခဲ့ရာ စရံငွေပျက်ကွက်လို့ အရောင်းအ၀ယ် မဖြစ်ခဲ့တော့ ပဲ ဒေါ်နှင်းမေ မကွယ်လွန်ခင်က ဆုတောင်းပြည့်ဘုရားကို လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ တိုင်ကြားစာက ဆိုပါတယ်။
အဆိုပါကိစ္စအပေါ် အရောင်းအ၀ယ်မဖြစ်ခဲ့တဲ့ စာချုပ်နဲ့ တရားမမှု ရှင်ဆိုင်ခံခဲ့ရတဲ့ ဆုတောင်းပြည့် ဘုရား ဂေါပကအဖွဲ့ အနေနဲ့ သာသနာ့မြေဖြစ်နေပြီဖြစ်တဲ့ အဆိုပါ မြေကွက်ကို သာသနာ့မြေ အဖြစ် ပြန် လည်ရရှိရေး တရားရုံးက မှားယွင်း အမိန့်ချခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင် အမိန့်ချဖို့ အမျိုးသား လွှတ်တော် ကို တိုင်ကြားထားတာပါ။
အဆိုပါ တရားမမှုဖြစ်စဉ်မှာ ၀ိန့်စိန် ရွှေဆိုင်က တရားသူကြီးတွေနဲ့ နာမည်ကြီး ဆရာတော်တချို့ကို လာဘ်ထိုးပြီး အမှုနိုင် အောင် လုပ်ကာ ဆုတောင်းပြည့် ဘုရားမြေကွက်ကို အပိုင်သိမ်းထားတယ်လို့ စာပေးပို့သူက ဆိုထားပါတယ်။
ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ လာဘ်စားလျှင်ဖြစ်ဖြစ်၊ မှားယွင်း ဆုံးဖြတ်တာဖြစ်ဖြစ် ဘယ်လို အပြစ် ထိုက်မှု ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ဆရာတော်ကြီးတပါးက ကူဋဝိနိစ္ဆယော -လဉ္ဇဂ္ဂါဟော သဗ္ဗေသံပါရာဇိကမေဝ ပါဠိတော်မှာပါရှိကြောင်း၊ မှားယွင်းဆုံးဖြတ် တာရယ် လာဘ်စားတာရယ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ ပါရာဇိက အပြစ် သင့်တယ်လို့ မိန့်ကြားပါတယ်။
ပေးပို့လာတဲ့ တိုင်ကြားစာကို အောက်မှာ အပြည့်အစုံ ဖော်ပြပေးလိုက်ပါတယ်။
တရုတ် ၀ိန့် စိန်ဟာ မန္တလေးမြို့ ရှိနေရာတော်တော်များများ အား မတရားဖိနှိပ် အကြွေးနှင့်သိမ်း
ထားသလို မြေမှန်သမျှ သာသနမြေပါမကျန် အာဏာပိုင်အဖွဲ့ အစည်းနှင့်ပေါင်းပြီးသိမ်းနေတာကြာပါပြီ။ယခုကိစ္စမှမဟုတ်ပါ။ ပိုက်ဆံရှိတယ်ဆိုပြီးမ
တရားလုပ်နေသော အဖွဲ့ ဖြစ်ပါသည်။