ဓားပြီးတဲ့ လူ

Thursday, July 25, 2013

ခရစ်သက္ကရာဇ် ၁၉၄၀ အလွန် ကာလတွေမှာ ကိုယ်ခန္ဓာကို ဓားနဲ့ အထိုးခံပြရင်း နာမည်ကြီးလာသူတဦးရဲ့ ပြကွက်တခုပါ။ မြန်မာပြည်မှာတော့ ဓားပြီးတယ်လို့ ခေါ်ကြလေမလား။ 
 

ရုတ်တရက်ကြည့်ရင် ကြောက်မက်ဖွယ်လို့ ခံစားရမှာပါ။ တကယ်တော့ အံ့သြဖို့ ကောင်းတဲ့ ဖြစ်ရပ် တခုပါ။ 

ထူးခြားတာက သူ့ခန္ဓာကိုယ်ကို ဓားနဲ့ထိုးသွင်းလိုက်ပြီး ပြန်ထုတ်လိုက်ပေမယ့် ဒဏ်ရာအနာတရ မကျန်ရစ်ခဲ့တာပါဘဲ။ ဆရာဝန်တွေနဲ့လည်း စစ်ဆေးကြည့်တဲ့အခါ အဲဒီလို ထူးဆန်းမှုကို တွေ့ရပါတယ်တဲ့။ 

သူကတော့ ပြကွက်ပြီးသွားတာနဲ့ ပုံမှန်အတိုင်း စားသောက်နေထိုင်တာပါ။ 

သူ့ခန္ဓာထဲကို ဓား ထိုးသွင်းမယ့် နေရာကိုတော့ အမှတ်အသား ပြုထားတာကို ပြကွက်မှာ အထင်အရှားမြင်ရမှာပါ။ 

ဆိုလိုတာက တခြားနေရက ထိုးသွင်းရင် သူ ဘာဖြစ်မလဲ ဆိုတာတော့ သေချာ ရှင်းမပြထားပါဘူး။ သတ်မှတ်နေရာက ဓားကိုထိုးသွင်းလိုက်ရင်တော့ နာကျင်၊ အနာတရာဒဏ်ရာ မခံစားရတာ ထူးခြားပါတယ်။

  



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved