၁၅ နှစ်သမီးရဲ့ လူ့အပူချိန်နဲ့ ဓာတ်မီး လင်းစေတဲ့နည်း

Thursday, July 4, 2013

မြန်မာပြည်အတွက် အတော်အသုံးတည့်မယ့် နည်းပညာတခုအကြောင်းပါ။ 

ကနေဒါ နိုင်ငံက အသက် ၁၅ နှစ် အရွယ် ဗစ်တိုးရီးယား ကျောင်းသူ တဦးက ဂူးဂဲလ်ရဲ့ ဂလိုဗဲလ် သိပ္ပံ ဆိုင်ရာ ပြိုင်ပွဲအတွက် ဘက်ထရီ မပါတဲ့ ဓာတ်မီးကို သူ့ရဲ့ လက်အပူချိန်ကို လျှစ်စစ်စွမ်းအင်အဖြစ် အသုံးပြု မီးလင်းတဲ့ နည်းပညာနဲ့ နောက်ဆုံး ပြိုင်ပွဲဝင်အဆင့် ကို တက်လှမ်းလိုက်တယ်။


အန်း လို့ အမည်ရတဲ့ Ann Makosinski ဆိုသူ မိန်းကလေးဟာ သူ့ရဲ့ တီထွင်မှုကို အခြား ထိပ်တန်း သိပ္ပံထိပ်တန်း ဆုရှင် ၁၄ ဦးနဲ့ မကြာခင် ယှဉ်ပြိုင်ရဖို့ ရှိပါတယ် လို့ ကနေဒါ ပရက်စ် သတင်းတပုဒ်က ဆိုပါတယ်။ 

ကမ္ဘာတလွှာ နိုင်ငံပေါင်း ၁၂၀ ကျော်က တီထွင်ပါရဂူပေါင်း ထောင်ချီပြီး ပြိုင်ပွဲ ၀င်ကြတဲ့ ဂူးဂဲလ် သိပ္ပံ ဆိုင်ရာ ဆုပေးပွဲမှာ နောက်ဆုံး ပထမဆုရသူဟာ လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့မှာ ဆုကို လက်ခံရ မှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅ သောင်း ပညာသင်ဆုအပြင် အခြားဆုတွေနဲ့ အတူ National Geographic Expeditions အတွက် ဂါလာပါဂိုကျွန်းကို ၁၀ ရက်တာ ခရီးစဉ်လည်း ဆုအဖြစ်ရ ရှိမှာ ဖြစ်ပါ တယ်။ 

အန်းက ပြောတာကတော့ သူ့ ပရောဂျက်က လူတွေရဲ့ ခန္ဓာကိုယ်တွင်းက အပူစွမ်းအင်ကို အသုံးချတာ ကနေ ပေါ်ထွက် လာတာလို့ ဆိုပါတယ်။ သူပြောပြတဲ့သူ့ရဲ့ တီထွင်မှုကို နားဆင်ကြည့်ရအောင်ပါ။


  

အိမ့်သံစဉ်~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved