တရုတ်အစိုးရ ရန်ကုန်မှာ Facebook လာသုံး

Wednesday, July 24, 2013

  မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းနေပြီ ဆိုတာ အင်မတန် သိသာထင်ရှားနေပါတယ်။
ဝေးဝေး မကြည့်ပါနဲ့။
ရန်ကုန်က တရုတ်သံရုံးကိုပဲ ကြည့်လိုက်ပါ။
တရုတ်သံရုံး Facebook သုံးနေတာ တွေ့ရပါလိမ့်မယ်။



Facebook  ဆိုတာ တရုတ်ပြည်မှာ တားမြစ်ထားသော အွန်လိုင်းစာမျက်နှာပါပဲ။

တရုတ်အစိုးရက Twitter ကိုလည်း တားမြစ်ထားတာပါ။

ရန်ကုန်တရုတ်သံရုံး Facebook သုံးနေတာ Chinese Embassy in Myanmar ဆိုတဲ့ နာမည်နဲ့ပါ။
လိပ်စာက 
https://www.facebook.com/pages/Chinese-Embassy-in-Myanmar/191612647581463?ref=stream&hc_location=timeline ဖြစ်ပါတယ်။

ဒီစာမျက်နှာအကြောင်း ရန်ကုန်က ဂျာနယ်တချို့မှာ ရေးခဲ့ကြပါတယ်။

မနေ့ကအထိ ပရိသတ် ၁,၄၆၀ ရှိနေပါပြီ။

တရုတ်ကြီးက နိုင်ငံတိုင်းလိုလိုမှာ သံရုံးတွေ ရှိပုံပါပဲ။
သို့သော်လည်း ရန်ကုန်သံရုံးကပဲ Facebook  သုံးတယ်လို့ ယူဆရပါတယ်။

(ဘင်္ဂလားဒေ့ရှ်က တရုတ်သံရုံးရဲ့ ယဉ်ကျေးမှုဌာနမှာတော့ သုံးပါတယ်။ လိပ်စာက
https://www.facebook.com/chinabd
အဲဒီ Cultural Office of the Chinese Embassy in Bangladesh မှာ ပရိသတ် ၇၁၁ ဦး ရှိပါတယ်။ မနေ့က တွေ့ရတဲ့ အရေအတွက်ပါ။)

ရန်ကုန် တရုတ်သံရုံးရဲ့ Facebook အကြောင်း ပြန်ဆက်ရရင် ...
သူတို့ဆီကလူကြီးများရဲ့ မြန်မာပြည်ခရီးစဉ်ကအစ၊ ကွန်ဖူးဆရာ ဘရုပ်စလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့်အကြောင်း အလယ်၊
တရုတ်သံအမတ်ကြီးရဲ့ လှုပ်ရှားမှုများအဆုံး သူတို့ Facebook  မှာ ရေးထားပါတယ်။

Facebook ကြောက်တဲ့ တရုတ်အစိုးရက သူတို့နိုင်ငံမှာ ပြည်သူတွေ မသုံးနိုင်အောင် Facebook ကို ဘန်းထားတာပါ။
သူတို့ကတော့ ရန်ကုန်မှာ လွတ်လပ်စွာ လာသုံးနေ၊ အွန်လိုင်းကွန်ရက်ရဲ့ ကောင်းကျိုးတွေကို ခံစားနေပါပြီ။

 တကမ္ဘာလုံး သုံးနေတဲ့ Facebook ကို တရုတ်ပြည်မှာ ပိတ်ပင်တားဆီးတာဟာ တရုတ်အစိုးရ ပင်ပန်းလွန်းပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved