ရိုဘီရာမှာ စားပြီးပြီလား

Wednesday, July 24, 2013



ရိုဘီရာ(ROBERA)ဆိုတာ ဂျပန်ပန်းနာမည်တစ်ခုပါ။ ရန်ကုန်မှာတော့ စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့နာမည်ပေါ့။
နွေးထွေးတဲ့ဝန်ဆောင်မှု၊ သင့်တင့်တဲ့ဈေးနူန်းတို့ကြောင့် လှည်းတန်းဈေးဘက်မှာ နာမည်ရလာတဲ့ဆိုင်လေးတစ်ဆိုင်ပါပဲ။ 

အအေးစုံ၊ သားရေစာအမျိုးမျိုး၊ အသုပ်စုံ၊ ဟင်းရည်မျိုးစုံ ရပါတယ်။

ဆူရှီထမင်းလိပ်၊ ကော်ရည်ခေါက်ဆွဲ၊

ကင်မ်ချီထမင်း၊ မြေအိုးခေါက်ဆွဲ၊ 
ကိုရီးယား ထမင်းသုပ်၊   မလေးရှားထမင်းကြော်၊

မြေအိုးထမင်း၊ ၀က်စတူးမုန်ညင်း
စတာတွေကို အရသာရှိရှိ စားသုံးနိုင်ပါတယ်။ 

ဒီဆိုင်မှာ လူ ကြိုက် များတာကတော့ ကြက်တောင်ပံကြော် ဖြစ်ပါတယ်။
တစ်ပွဲကို ၁,၂၀၀ ပါ။

ဆိုင်ဖွင့်ထားတာက တစ်နှစ်ဝန်းကျင်ရှိပါပြီ။ ဒီဆိုင်မှာ တွေ့ရတတ်တဲ့ စားသုံးသူအများစုကတော့ လူငယ်တွေပါပဲ။
ဆိုင်က  လှည်းတန်းကျောင်းရှေ့မှတ်တိုင်၊  ခေမာလမ်း၊ တိုက်အမှတ် (၆)၊  ကမာရွတ်မြို့နယ်မှာ ရှိပါတယ်။

ဆိုင်ရဲ့အနီးအနားတစ်ဝိုက်ကို အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်။ အဲဒီတ၀ိုက် အထပ်မြင့်မှာနေသူတွေက ဆိုင်ကို ဖုန်းဆက်ပြီး လှမ်းမှာကြတာ တွေ့ရမှာပါ။
စနေ၊  တနင်္ဂ နွေနေ့တွေဆိုရင် လူများတာကြောင့် ကြိုတင်မှာထားဖို့တော့ လိုပါလိမ့်မယ်။ 
နံနက် ၉ နာရီက ည ၁၀ နာရီအထိ ဆိုင်ဖွင့်ပါတယ်။

အရသာရှိတဲ့အစားအသောက်တွေကို အတော်များများလက်လှမ်းမီတဲ့ ဈေးနူန်းပေးပြီး  စားသောက်ချင်သူတို့အတွက် Robera (Asian Food Collection) က အဆင်ပြေမယ် ထင်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved